Sports: ဂျီရော့ဒ် သွင်းဂိုးနဲ့ အာဆင်နယ် နိုင်ပွဲရပြီး မန်ယူသရေကျ

အာဆင်နယ်က အဆင့်-၂ နေရာကိုရောက်လာခဲ့ပြီဖြစ်ပြီး လက်စ်တာကတော့ အာဆင်နယ်ကို ၂ မှတ်၊ မန်စီးတီးကို ၃ မှတ်နဲ့ အမှတ်ဖြတ်လိုက်ပါပြီ။

play

မန်ယူအတွက် ဖယ်လိုင်နီက ပွဲထွက်ကစားခဲ့တာပါ

စနေနေ့ည ပွဲစဉ်တွေ ကစားခဲ့ပြီးတဲ့နောက် မန်စီးတီးက ရှုံးသွားခဲ့ကာ အာဆင်နယ်က အနိုင်ရလဒ် ရအောင်ယူနိုင်ခဲ့ပြီး မန်ယူကတော့ ဝက်စ်ဟမ်ကို သရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ဝက်စမ်ဟမ်းနဲ့ မန်ယူပွဲက သရေရလဒ်ထွက်သွားခဲ့ပေမယ့် အပြန်အလှန် ဂိုးသွင်းဖို့ အခွင့်အရေး အကြိမ်ကြိမ်ရဲ့တာပါ။ ဝက်စ်ဟမ်းကစားသမား ဆလေဗင်ဘီလစ်သာ အပိုင်အခွင့်အရေးရတဲ့ နှစ်ကြိမ်မှာ တစ်ကြိမ်လောက်ကို ဂိုးအဖြစ် ပြောင်းလိုက်နိုင်ရင် မန်ယူရှုံးဖွယ်ရှိပါတယ်။ အခုတော့ သရေတစ်မှတ်စီ ခွဲယူသွားကြတာပါ။

play

မာရှယ်လည်း ဂိုးပေါက်ပျောက်ခဲ့ပါတယ်

ဂိုးသွင်းခွင့် သေချာမရပဲနဲ့ ဂိုးပေါက်ကို အကြိမ်ကြိမ်ကန်နေခဲ့တဲ့ မန်ယူရဲ့ ကစားပုံကကဆိုးရွားခဲ့ပါတယ်။

မန်ယူနဲ့ မန်စီးတီးက အမှတ်တွေဆုံးရှုံးနေချိန်မှာ အာဆင်နယ်ကတော့ ဂျိုယေးကမ်းဘဲလ်၊ ဂျီရော့ဒ်၊ ရမ်ဆေးတို့ရဲ့ သွင်းဂိုးတွေနဲ့ ဆန်းဒါးလန်းကို နိုင်ခဲ့ပါတယ်။ တိုက်စစ်မှူးဂျီရော့ဒ်ကတော့ ဗီလိန်ကနေ သူရဲကောင်း ဖြစ်ပြန်သွားခဲ့တယ်လို့ ဆိုရမှာပါ။

play

ဇီးရိုးကနေ ဟီးရိုးဖြစ်သွားတဲ့ ဂျီရော့ဒ်

ဝက်စ်ဟမ်းရခဲ့တဲ့ဂိုးဟာ ဂျီရော့ဒ်က ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာပါ။ ဒါပေမယ့် ၆၃ မိနစ်မှာ ဂျီရော့ဒ်က ရမ်ဆေးရဲ့ အနိမ့်ဘောပေးပို့မှုကို ခေါင်းတိုက်သွင်းခဲ့တာပါ။ မိနစ်ကိုးဆယ်ရောက်တော့ ရမ်ဆေးက အနိုင်သေချာစေတဲ့ ဂိုးသွင်းလိုက်တာပါ။ ဒီဂိုးကြောင့် အာဆင်နယ်က ပရီးမီးယားလိဂ်မှာ သုံးပွဲဆက်နိုင်ပွဲပျောက်တာ ရပ်တန့် သွားခဲ့ပြီဖြစ်ပါတယ်။ အမှတ်ပေးဇယားမှာလည်း အဆင့်-၂ ကိုတက်လာခဲ့ပါပြီ။

play

မာရက်ဇ်က ဟက်ထရစ်သွင်းပြီး လက်စတာကို ထိပ်ဆုံးပို့ပေးလိုက်ပါပြီ

အဆင့်-၁ နေရာကို ပြန်ယူသွားတဲ့အသင်းကလက်စ်တာပါ။ အဝေးကွင်းမှာ သွားကစားရပေမယ့် ဆွမ်ဆီးကို သုံးဂိုးပြတ် အနိုင်ယူပြခဲ့ပါတယ်။ ဒီပွဲမှာတော့ ဗာဒီဂိုးမသွင်းတော့ပဲ မာရက်ဇ်က ဟက်ထရစ်သွင်းခဲ့လို့ သူရဲကောင်း ဖြစ်ခဲ့ပါတယ်။

ပွဲစဉ် ၁၅ အပြီးမှာ မန်ယူက အဆင့်-၄ နေရာကိုကျဆင်းသွားပြီး အာဆင်နယ်က အဆင့်-၂ နေရာကို တက်လာတာ ဖြစ်ပါတယ်။

Source : www.goal.com

Photos :www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ