Sports: ချယ်လ်ဆီး တန်းမဆင်းရဖို့ မော်ရင်ဟို ကတိပေး

ဘုန်းမောက်ကို ထပ်ရှုံးခဲ့ပြီးတဲ့နောက်မှာ ဒီရာသီမှာ ချယ်လ်ဆီးက တန်းဆင်းဖို့ မဖြစ်နိုင်ဘူးလို့ မော်ရင်ဟိုက ပြောလိုက်ပါတယ်။

play

 

ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ မှာ တန်းဆင်းဇုန်နားက ဘုန်းမောက်အသင်းကို ချယ်လ်ဆီးရှုံးခဲ့ပြီးတဲ့နောက် ရာသီအကုန်မှာ ချယ်လ်ဆီးတန်းတော့ ဆင်းရမှာ မဟုတ်ပါဘူးလို့ မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။

စနေည အစောပိုင်းကစားခဲ့တဲ့ပွဲတွေအပြီးမှာ မန်စီးတီးနဲ့ မန်ယူက အမှတ်တွေ ဆုံးရှုံးခဲ့လို့ ချယ်လ်ဆီး အနိုင်ယူမယ်လို့ ပရိသတ်တွေ မျှော်လင့်ခဲ့ကြပေမယ့်လည်း အိမ်ကွင်းမှာတင် တန်းတက်အသင်း ဘုန်းမောက်ကို ၀-၁ ဂိုးနဲ့ ရှုံးသွားခဲ့တာပါ။

play

ကော်စတာကလည်း ဂိုးမရပဲ အဝါကတ်တွေချည်း ရနေပါတယ်

အခုဆိုရင် ချယ်လ်ဆီးကတန်းဆင်းဇုန်နဲ့ သုံးမှတ်အကွာ အဆင့်-၁၄ မှာရပ်တည်နေရတဲ့ အသင်း ဖြစ်နေပါပြီ။ မော်ရင်ဟိုကတော့ ဒီပွဲမတိုင်ခင်မှာ စိုးရိမ်မှု ရှိခဲ့တဲ့အတိုင်း အခုတော့ မျှော်လင့်တဲ့ ရလဒ်ဖြစ်မလာခဲ့ဘူးလို့ ပြောပါတယ်။ “ဒါပေမယ့် ကျွန်တော်တို့ တန်းဆင်းဇုန်တိုက်ပွဲတွေ ကစားရမှာတော့ မဟုတ်လောက်ပါဘူး။ ချယ်လ်ဆီးရဲ့ ပစ်မှတ်က ဒီရာသီမှာ အဆင့်-၄ အတွင်းဝင်နိုင်ဖို့ပါ” လို့ မော်ရင်ဟိုက ပြောပါတယ်။

play

ဒီလိုနီးစပ်တဲ့ အခွင့်အရေး ရခဲ့ပေမယ့်လည်း ချယ်လ်ဆီးက တစ်ဂိုးတောင် မရခဲ့ပါဘူး

ဘုန်းမောက်နဲ့ပွဲမှာ ချယ်လ်ဆီးရဲကခြေစွမ်းက အရှုံးနဲ့ မထိုက်တန်ဘူးလို့လည်း မော်ရင်ဟိုက ပြောပါတယ်။ အထူးသဖြင့် ဒုတိယပိုင်းမှာ ရခဲ့တဲ့အခွင့်အရေးတွေက အနိုင်ရဖို့ထိုက်တန်ပေမယ့် ရှုံးနိမ့်ခဲ့ရပါတယ်လို့ မော်ရင်ဟိုက ပြောပါတယ်။

Source : www.nbcsports.com

Photos : www.dailymial.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ