Sports: မန်ချက်စတာကို ဂွါဒီယိုလာ ရောက်လာတော့ မလား

, updated

ဂျာမနီမှာ တစ်သင်းတည်း ဘုရင်လုပ်နေရတဲ့ ဘိုင်ယန်မြူးနစ်မှာ စွန့်စားခန်းတွေ ဘာမှာ ဆက်မရှိတော့တာကြောင့် ဂွါဒီယိုလာဟာ ဒီနှစ်ထဲမှာ မန်ချက်စတာကို ရောက်လာနိုင်ဖွယ် ရှိနေပါတယ်။

play

 

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ မှာ မန်ချက်စတာမြို့ခံနှစ်သင်းလုံး ရလဒ်မကောင်းတာကို ကြုံခဲ့ရပြီးတဲ့နောက် နာမည်ကျော်နည်းပြ ဂွါဒီယိုလာ အင်္ဂလန်ကိုရောက်လာဖို့ သတင်းစကားတွေဟာ ပိုပြီး  ပျံ့နှံ့လာခဲ့ပါပြီ။ ဂွါဒီယိုလာကို မန်ချက်စတာယူနိုက်တက်က ခေါ်နိုင်မလား မန်ချက်စတာ စီးတီးက ခေါ်နိုင်မလားဆိုတာတော့ အခုထိတိုင် မသေချာသေးတဲ့ ကိစ္စဖြစ်နေပါတယ်။

play

မန်စီးတီးကလည်း ပရီးမီးယားလိဂ် နောက်ဆုံးလေးပွဲမှာ တစ်ပွဲသာ နိုင်ထားပါတယ်

မန်စီးတီးကလည်း စတုတ်စီးတီးကို ၀-၂ ဂိုးနဲ့ ရှုံးခဲ့ပြီးတဲ့နောက် ပယ်လီဂရီနဲ့ လမ်းခွဲဖို့ ပိုပြီး သေချာလာပြီလို့ ဆိုပါတယ်။ ဒီရာသီမှာ မန်စီးတီးက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့ရင်တောင်မှ အသင်းပိုင်ရှင် ရေနံသူဌေးတွေက ဂွါဒီယိုလာကိုသာ ခေါ်ဖို့ ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။ တစ်ဖက်မှာလည်း အသင်းအတွက် သင့်တော်တဲ့နည်းပြစ်ဦးရှာနေတဲ့ မန်ယူကလည်း ဂွါဒီယိုလာကို ခေါ်ဖို့တိတ်တိဆိတ် ကြိုးစားနေပြန်ပါတယ်။

အမှန်တော့ ဂွါဒီိယိုလာဟာ ဘိုင်ယန်မြူးနစ်ကို မရောက်ခင် ကတည်းက မန်ချက်စတာ အသင်းတွေဆီက ကမ်းလှမ်းမှုကို ရထားပြီးသား ဖြစ်ပါတယ်။ ဒီနှစ်သင်းလုံးကလည်း ဂွါဒီိယိုလာ မနက်ဖြန်ရောက်လာမယ်ဆို ဒီနေ့ပဲ လက်ရှိနည်းပြတွေနဲ့ လမ်းခွဲဖို့ အသင့်ပြင်ထားကြတဲ့ အသင်းတွေပါ။ လက်ရှိဘိုင်ယန်မြူးနစ်နဲ့ ဂွါဒီယိုလာ ဆက်ဆံရေးကလည်း လေစိမ်းတွေ တိုက်နေကြတဲ့ အခြေအနေဖြစ်နေပါပြီ။ ဘိုင်ယန်နဲ့အတူ နှစ်နှစ်အတွင်းမှာ ဖလားအတော်များများ ရခဲ့ပြီးပြီဖြစ်တာကြောင့် ဒီရာသီကုန်ရင် ဂွါဒီယိုလာတစ်ယောက် အင်္ဂလန်ရောက်လာဖို့ ကျိမ်းသေသလောက် ရှိနေပါပြီ။

play

ဗန်ဟားလ်ရဲ့ ကိုင်တွယ်ပုံကလည်း ပျင်းစရာကောင်းတယ်ဆိုပြီး ဝေဖန်ခံနေရတာပါ

မန်ချက်စတာအသင်းတွေဘက်က ကမ်းလှမ်းမှုကောင်းရင် လာမယ့် ဇန်နဝါရီလထဲမှာတောင် ရောက်လာနိုင်ချေ ရှိပါတယ်။ လက်ရှိမန်ယူနည်းပြ လူးဝစ္စဗန်ဟားလ်ကလည်း အသင်းက အလိုမရှိတော့ရင် ထွက်သွားဖို့ အဆင်သင့်ပဲလို့ ပြောထားတာလည်း မကြာသေးပါဘူး။

လာမယ့် အင်္ဂါနေ့ညမှာ မန်ယူက ဝုလ်ဘတ်နဲ့ ချန်ပီယံလိဂ်အဆုံးအဖြတ် အုပ်စုနောက်ဆုံးပွဲစဉ် ကစားရမှာ ဖြစ်ပြီး တကယ်လို့သာ ရှုံးခဲ့ရင်တော့ ဗန်ဟားလ်နဲ့မန်ယူလမ်းခွဲဟာ နေ့ချင်းညချင်းတောင် ဖြစ်လာနိုင်စရာ အကြောင်းရှိပါတယ်။

Source & Photos : www.telegraph.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ