Sports: တရုတ်နိုင်ငံ ဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်မည်

၂၀၁၅ အာဆီယံဖူဆယ်ပြိုင်ပွဲ၌ မြန်မာအမျိုးသားဖူဆယ်အသင်းသည် (၄)ပွဲ ကစား ၊ (၂) ပွဲနိုင် ၊ (၂)ပွဲ ရှုံးဖြင့် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

play

 

၂၀၁၅ ခုနှစ် ၊ ဒီဇင်ဘာလ (၁၈) ရက်နေ့မှ (၂၀) ရက်နေ့အထိ တရုတ်နိုင်ငံ ကျန်စု ပြည်နယ် ၊ ချန်ရှူးမြို့တွင် ကျင်းပပြုလုပ်မည့် လေးနိုင်ငံ ဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲတွင် တရုတ်လက်ရွေးစင် အမျိုးသားဖူဆယ်အသင်း၊ မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ် အသင်းနှင့် အခြားနိုင်ငံနှစ်နိုင်ငံမှ အသင်း(၂)သင်းတို့မှ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

play

 

အဆိုပါပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် လက်ရှိအချိန်တွင် တရုတ်နှင့် မြန်မာအသင်းတို့သာ အတည်ပြုထားပြီး ကျန်အသင်း (၂)သင်းအတွက် မည်သည့်နိုင်ငံများကို ဖိတ်ကြားထားကြောင်း လတ်တလော မသိရသေးပေ။

play

 

၂၀၁၆ ခုနှစ် ၊ အောက်တိုဘာလက ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် ၂၀၁၅ အာဆီယံဖူဆယ်ပြိုင်ပွဲ၌ မြန်မာအမျိုးသားဖူဆယ်အသင်းသည် (၄)ပွဲ ကစား ၊ (၂) ပွဲနိုင် ၊ (၂)ပွဲ ရှုံးဖြင့် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

Photo: www.aseanfootball.org

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ