Sports: ဒီတစ်ပတ် ပရီးမီးယားလိဂ်က ပေးတဲ့ သင်ခန်းစာ (၅) ခု

ကျွန်တော်တို့တွေကို အံ့သြမင်သက်မှုတွေ ပေးပြီး ပရီးမီးယားလိဂ် ပွဲစဉ်တွေက ပြီးသွားခဲ့ပြန်ပါပြီ။

play

 

ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ ပြီးဆုံးသွားခဲ့ပြန်ပါပြီ။ အသင်းကြီးတွေရဲ့ ဂျွမ်းထိုးမှောက်ခုံ ဖြစ်ပြီး ခွာလိပ်ခဲ့ကြတဲ့ ရက်သတ္တပတ်လို့ ဆိုနိုင်ပါတယ်။ ဒီဇင်ဘာလဟာ ပရီးမီးယားလိဂ် အသင်းတွေအတွက် ခက်ခဲတဲ့ လဖြစ်ပါတယ်။ တစ်ရက်အတွင်း ပွဲစဉ် ခြောက်ပွဲလောက် ကစားရပြီး ဒီလထဲမှာ ရလဒ်ကောင်းတဲ့အသင်းဆိုရင်  ချန်ပီယံတောင် ဖြစ်နိုင်ပါတယ်။ ကဲ ဒီဇင်ဘာပထမပတ်ရဲ့ ပွဲစဉ်ကနေ ကျွန်တော်တို့ ဘာသင်ခန်းစာတွေ ရခဲ့သလဲ ဆိုတာ ကြည့်ကြရအောင်ပါ။

၁။ ချယ်လ်ဆီးအတွက် အသုံးမဝင်တော့တဲ့ ကော်စတာ

play

 

ကော်စတာနဲ့ မော်ရင်ဟိုအကြား တင်းမာမှုကလည်း ကြီးသထက် ကြီးလာပါပြီ။ ဘုန်းမောက်ကို ရှုံးတဲ့ပွဲမှာလည်း ဒုတိယပိုင်း ဝင်ကစားခဲ့ရပေမဲ့ ကော်စတာက ဂိုးမယူပဲ အဝါကတ်သာ ယူခဲ့ပြန်ပါတယ်။ ရာသီကုန်ရင်တော့ ချယ်လ်အတွက် ချန်ပီယံလိဂ်ဝင်ခွင်တောင် ခက်ခဲတော့မှာဖြစ်ပြီး မော်ရင်ဟိုနဲ့လည်း ကတီပါလမ်းခွဲကို ရောက်ဖို့ အချိန်နီးလာပါပြီ။

၂။ ယုံကြည်မှုနဲ့ ရှေ့ဆက်နေဆဲ အာဆင်နယ်

play

 

ပြောကြကြေးဆိုရင် ဒီတစ်ပတ်မတိုင်ခင်မှာ အာဆင်နယ်ကို ဒီပွဲလွယ်လွယ်ကူကူနိုင်မယ်လို့ တွက်ခဲ့ကြတာ မဟုတ်ပါဘူး။ ဒဏ်ရာပြဿနာများနေတဲ့အပြင် အရေးကြီးချန်ပီယံလိဂ်ပွဲစဉ်လည်း ရှိနေတာကြောင့် အာဆင်နယ်မလွယ်ဘူးလို့ ထင်ခဲ့ကြတာပါ။ အခုတော့ မန်ယူ၊ မန်စီးတီး၊ ချယ်လ်ဆီးတို့ ကြားထဲမှာ အာဆင်နယ် တစ်သင်းသာ နိုင်ပွဲရခဲ့တာပါ။

၃။ ကပ္ပတိန်မဲ့သွားတဲ့ အိုးထရက်ဖို့ဒ်

play

 

အသေးစားဒဏ်ရာသာဖြစ်ပေမယ့် ကြံ့ခိုင်မှု မပြည့်တာကြောင့် ရွန်နေးကို ဝက်စ်ဟမ်းနဲ့ပွဲမှာ ချန်လှပ်ခဲ့တာပါတယ်။ ဂိုးမရှိသရေကျတာကို ပြောစရာ သိပ်မရှိပေမဲ့ ပရိသတ်တွေ စိတ်ပျက်ခဲ့တာ မန်ယူအသင်းရဲ့ ကစားပုံပါ။ အဲဒီနေ့က မန်ယူကစားသမားတွေကို ကွင်းထဲမှာ အော်ဟစ်အမိန့်ပေးနေမယ့် ရွန်နေးကို မန်ယူလိုနေခဲ့တာဖြစ်ပါတယ်။

၎။ ကွန်ပနီကို တမ်းတနေတဲ့ မန်စီးတီး

play

 

မန်စီးတီးကလည်း အသင်းခေါင်းဆောင် ကွန်ပနီကို တမ်းတနေတာ ဖြစ်ပါတယ်။ နောက်တန်း ခံစစ်အတွက် ပေါင်သန်း ၈၀ ဖိုးလောက်ဖြည့်ထားလည်း ကွန်ပနီမရှိတဲ့ မန်စီးတီခံစစ်ဟာ ဂိုးတွေ ပေးနေရတုန်းပါပဲ။ ကွန်ပနီ ဒဏ်ရာ အမြန်ပြန်ကောင်းဖို့သာ မန်စီးတီး ဆုတောင်းရတော့မှာပါ။

၅။ ရာသီဝက်ချန်ပီယံ ဖြစ်နိုင်တဲ့ လက်စတာ

play

 

အားလုံးရလဒ်မကောင်းချိန်မှာ လက်စ်တာကတော့ ပုံမှန်သုံးမှတ် ရနေဆဲပါ။ ဗာဒီဂိုးမသွင်းတော့ပေမဲ့ ကွင်းလယ်က မာရက်ဇ်က သုံးဂိုးသွင်းလိုက်လို့ လက်စတာဟာ တစ်ယောက်တည်း  အားမကိုးတဲ့ အသင်းဆိုတာ ပေါ်လွင်သွားပါတယ်။ နောက်နှစ်ပွဲ ဒါမှမဟုတ် သုံးပွဲသာ နိုင်လိုက်ရင် လက်စ်တာက ရာသီဝက်ချန်ပီယံ ဖြစ်ပါပြီ။

Source & Photos :www.mirror.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ