Sports: အသက်တစ်ချောင်း ပေးခဲ့ရတဲ့ ဗလန်စီယာရဲ့ သရေပွဲ

ပွဲပြီးခါနီးမှ ဘာစီလိုနာဘက်ကို သွင်းလိုက်တဲ့ဂိုးကြောင့် အောင်ပွဲခံတာ အရှိန်လွန်ပြီး ပွဲကြည့်စင်ပေါ်က ပြုတ်ကျသွားတာပါ။

play

ပွဲပြီးခါနီးမှာ ဗလန်စီယာက ချေပဂိုး ရခဲ့တာပါ

ဘာစီလိုနာကို ဗလန်စီယာက ၁-၁ ဂိုးသရေကစားခဲ့တဲ့ပွဲစဉ်မှာ ပရိသတ်တစ်ဦး ပွဲကြည့်စင်ပေါ်က ပြုတ်ကျပြီး သေဆုံးသွားပါတယ်။ သေဆုံးသွားတဲ့ ပရိသတ်ဟာ ဗလန်စီယာ ပရိသတ်ဖြစ်တယ်လို့သိရပါတယ်။

အဲဒီပွဲစဉ်မှာ ဘာစီလိုနာအသင်းက ဦးဆောင်ဂိုးအရင် သွင်းခဲ့ပြီးတဲ့နောက် ဗလန်စီယာက ချေပဂိုး နောက်မှ လိုက်သွင်းတာ ဖြစ်ပါတယ်။ ဗလန်စီယာအသင်း ချေပဂိုးရလိုက်တဲ့ အချိန်မှာ အဆိုပါပရိသတ်က ဝမ်းသာအားရ အောင်ပွဲခံခဲ့ပြီးတဲ့နောက် အခုလို ပွဲကြည့်စင်ပေါ်က ပြုတ်ကျသွားတာပါ။

play

ဗလန်စီယာအသင်းရခဲ့တဲ့ဂိုးကလည်း ပွဲပြီးခါနီး ၈၆ မိနစ်ရောက်မှ ရခဲ့တာဖြစ်လို့ ပရိသတ်တွေ အကြီးအကျယ် အောင်ပွဲခံခဲ့ကြတာပါ။ ပရိသတ်သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ကြောင်း ဝမ်းနည်းမိကြောင်း ဗလင်စီယာကလည်း သတင်းထုတ်ပြန်ထားပါတယ်။

ှSource :www.bbc.com

Photos : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ