Sports: ဂိုးတစ်ရာကျော် သွင်းထားတဲ့ ဂိုးသမား အနားယူပြီ

သူက ဆော်ပေါ်လိုအသင်းမှာ ၂၂ နှစ်ကစားခဲ့ပြီးတဲ့နောက် အရေးပါတဲ့ ဂိုးပေါက် ကာကွယ်မှုတွေ လုပ်ခဲ့တဲ့အပြင် ဂိုးတစ်ရာကျော်လည်း သွင်းခဲ့ပါတယ်။

play

 

ချယ်လ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ်ခ်ျအနေနဲ့ အခုချိန်မှာ မော်ရင်ဟိုကို ထုတ်လိုက်မယ်ဆိုရင် ဒါဟာ ရူးမိုက်မှုတစ်ခုပဲလို့ မန်ယူအသင်းနည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်က သတိပေးလိုက်ပါတယ်။ ဒါပေမဲ့လည်း တစ်ဖက်မှာ လာမယ့်နှစ်ပွဲကို မော်ရင်ဟိုက အနိုင်ရအောင် မလုပ်နိုင်ခဲ့ဘူးဆိုတာနဲ့ ရာထူးက ထုတ်ဖို့ အသင်းပိုင်ရှင် အေဗရာမိုဗစ်ခ်ျက ပြင်ထားပြီလို့ သတင်းတွေက ဆိုပါတယ်။

လောလောဆယ်မှာတော့ ချယ်လ်ဆီးဟာ ပရီးမီးယားလိဂ်မှာ ၁၅ ပွဲကစားပြီး ၁၅ မှတ်သာ ရပါသေးတယ်။

play

 

“ ကမ္ဘာ့အကောင်းဆုံး နည်းပြတစ်ယောက်ကို ထုတ်ပစ်စရာ ဘာအကြောင်းရှိလို့လဲ။  သူ(အေဗရာမိုဗစ်ခ်ျ)က ပြီးခဲ့တဲ့နှစ်တွေမှာ ထုတ်ခဲ့တဲ့ နည်းပြတွေလည်း မနည်းတော့ဘူး။ သူသင်ခန်းစာ ရသင့်နေပြီ။ မော်ရင်ဟိုက ဒီအခြေအနေကို ရင်ဆိုင်နိုင်တယ်ဆိုတာ သူယုံကြည်ဖို့လိုတယ်။ တကယ်လို့ ထုတ်ပစ်လိုက်ရင်တော့ ဒါမိုက်မဲရာ ကျတာပဲ” လို့ ဖာဂူဆန်က ပြောခဲ့တာပါ။

play

 

နောက်ထပ်ဖာဂူဆန်ပြောခဲ့တာကတော့ ဒီရာသီမှာ လက်စ်တာစီးတီးအသင်း ဖလားရနိုင်ချေ ရှိတယ်ဆိုတာပါပဲ။ သူဟာလက်စတာစီးတီးနည်းပြဆိုရင်တော့ ဇန်နဝါရီမှာ လူထပ်ဖြည့်ပြီး ဖလားရအောင်လုပ်မယ်လို့ ဖာဂူဆန်က ဆိုပါတယ်။

Source & Photos :www.cnn.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ