Sports: လက်စတာစီးတီး ချန်ပီယံ ဖြစ်နိုင်တယ်လို့ ဖာဂူဆန်ပြော

လက်စတာအသင်း ဒီရာသီမှာချန်ပီယံ ဖြစ်နိုင်ပေမဲ့ လူအင်အား ထည့်ဖြည့်ဖို့ လိုသေးတယ်လို့ ဖာဂူဆန်က သူ့အမြင်ကို ပြောပြခဲ့ပါတယ်

play

 

ဒီရာသီမှာ အမှတ်ပေးဇယားကိုဦးဆောင်နေတဲ့ လက်စ်တာစီးတီးအသင်းဟာ ရာသီကုန်ရင် ချန်ပီယံတောင် ဖြစ်သွားနိုင်တယ်လို့ မန်သူအသင်း နည်းပြဟောင် ဖာဂူဆန်က မှတ်ချက်ပေးလိုက်ပါတယ်။ ဒါပေမဲ့ လက်စ်တာအနေနဲ့ အသင်းရဲ့ လူအင်အားကို ထပ်ပြီး အင်အားဖြည့်သင့်တယ်လို့  အကြံပြုထားပါတယ်။

ရာသီအစပိုင်းတည်းက ရလဒ်တွေကောင်းခဲ့တဲ့လက်စတာစီးတီးအသင်းဟာ အမှတ်ပေးဇယားထိပ်ပိုင်းမှာ ရပ်တည်နိုင်ခဲ့ပြီး အခုဆိုရင် ဒုတိယနေရာက အာဆင်နယ်ကို နှစ်မှတ်၊ တတိယနေရာက မန်စီးတီးကို သုံးမှတ်ဖြတ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါတင်မကဘဲ ဖာဂူဆန်က လက်စတာမှာ ဂိုးတွေဆက်တိုက်သွင်းနေတဲ့ တိုက်စစ်မှူးဗာဒီကိုလည်း ချီကျူးခဲ့ပါတယ်။ ဗာဒီက ဘယ်တော့မှ အရှုံးမပေးဘဲ ကြိုးစားခဲ့သူလို့ ဖာဂူဆန်က ပြောတာပါ။

play

 

"စွမ်းအင်တွေ၊ အမြန်နှုန်းတွေနဲ့ သိပ်ကောင်းတဲ့ အသင်းတစ်သင်းပါ။ လောလောဆယ်အထိတော့ လက်စတာက ပရီးမီးယားလိဂ်မှာ အကောင်းဆုံး အသင်းပါပဲ။ ၁၉၉၂ တုန်းကလည်း နောဝှစ်အသင်းက တစ်ရာသီလုံး အမှတ်ပေးဇယားကို ဦးဆောင်ခဲ့တာလေ။  ဒါပေမဲ့ သူတို့အိမ်ကွင်းမှာ ကျွန်တော်တို့မန်ယူအနိုင်ယူပြီးတော့ ကျွန်တော်တို့ ချန်ပီယံဖြစ်ခဲ့တယ်။ ကျွန်တော်သာ လက်စတာနည်းပြဆိုရင်တော့ ဇန်နဝါရီမှာ လူထပ်ဖြည့်မှာပါပဲ။ နောက်ပြီး လက်စတာဟာ အမှတ်ပေးချန်ပီယံတောင် ဖြစ်သွားနိုင်ပါတယ်" လို့ ဖာဂူဆန်က မှတ်ချက်ပေးခဲ့တာပါ။

play

 

Source & Photos :www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ