Sports: ချန်ပီယံလိဂ်မှာ ဘယ်သူတွေ အုပ်စုတက်မလဲ၊ ဘယ်သူတွေ ကျန်ခဲ့မလဲ

အုပ်စုတက်ဖို့ နောက်ဆုံးပွဲအထိ အသည်းအသန် ကစားရမယ့် အထဲမှာ မန်ယူ၊ အာဆင်နယ်တို့လို အသင်းတွေလည်း ပါဝင်ပါတယ်။

play

 

ချန်ပီယံလိဂ်အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်တွေကို ဒီကနေ့ညနဲ့ မနက်ဖြန်ညမှာ ကစားကြဦးမှာပါ။ နောက်တစ်ဆင့်တက်ဖို့ သေချာတဲ့အသင်းတွေ ရှိနေပြီးသားဖြစ်ပေမဲ့ နောက်ဆုံးပွဲအထိ ကြိုးစားရဦးမယ့် အသင်းတွေလည်း ရှိနေပါသေးတယ်။

၁။ အုပ်စုတက်ဖို့ သေချာသွားတာ ကိုးသင်းရှိနေပါပြီ။ နောက်ထပ် ၇ သင်း ကျန်ပါသေးတယ်။ အုပ်စုတက်ဖို့ ၇ နေရာအတွက် နောက်ဆုံးပွဲစဉ်မှာ ၁၃ သင်းယှဉ်ပြိုင်ကြရမှာပါ။

၂။ အုပ်စု(A)မှာ ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီက နောက်တစ်ဆင့်တက်ပြီး ရှက်တာဒိုးနက်နဲ့ မာလ်မိုအသင်းက ကျန်ခဲ့ပါပြီ။

၃။ အုပ်စု (B) မှာ ဝုလ်ဘတ်၊ မန်ယူ၊ ပီအက်စ်ဗီ သုံးသင်းလုံး နောက်တစ်ဆင့် တက်နိုင်ပါသေးတယ်။ နောက်ဆုံးပွဲမှာ မန်ယူနဲ့ဝလ်ဘတ်တွေ့ရမှာဖြစ်ပြီး နိုင်တဲ့အသင်းက နောက်တစ်ဆင့်တက်ဖို့ သေချာမှာပါ။

play

 

၎။ အုပ်စု (C) မှာတော့ ဘင်ဖင်ကာနဲ့ အသလက်တီကိုမက်ဒရစ်က နောက်တစ်ဆင့် တက်သွားပြီဖြစ်ပါတယ်။ ဂါလာတာဆာရေးက အက်စတာနာကို သရေကစားနိုင်တာနဲ့ ယူရိုပါလိဂ် ဝင်ခွင့်ရမှာပါ။

၅။ အုပ်စု (D) မှာလည်း ဂျူဗင်တပ်နဲ့ မန်စီးတီးက နောက်တစ်ဆင့် တက်ဖို့ သေချာနေခဲ့ပါပြီ။ ဂျူဗင်တပ်က သရေ တစ်မှတ်ရရင် အုပ်စု ပထမရမှာ ဖြစ်ပြီး၊ မန်စီးတီးက ဂျူဗင်တပ်ရှုံးပြီး သူတို့နိုင်မှ အုပ်စုပထမ ဖြစ်မှာပါ။

၆။ အုပ်စု (E) မှာတော့ ဘာစီလိုနာ တစ်သင်းတည်း နောက်တစ်ဆင့်တက်ဖို့ သေချာသေးတာပါ။ ရိုးမား၊ လေဗာကူဆင်နဲ့ ဘိုရီဆော့ဗ်တို့ သုံးသင်းလုံး နောက်တဆင့် မျှော်လင့်ခွင့်ရှိပါသေးတယ်။

play

 

၇။ အုပ်စု (F)မှာ အိုလံပီယာကို့စ်ကို အာဆင်နယ်က ၂-၀ ဂိုးနဲ့နောက်ရင် အာဆင်နယ် နောက်တစ်ဆင့် တက်မှာပါ။ ၁-၀ ဂိုးနဲ့ပဲ နိုင်ရင်၊ ဒါမှမဟုတ် သရေသို့မဟုတ် အရှုံးဆုံးရင် အာဆင်နယ် ကျန်ခဲ့ပါလိမ့်မယ်။

၈။ အုပ်စု (G) မှာချယ်လ်ဆီး ၊ ပေါ်တို၊ ဒိုင်နမိုဇာဂရက်တို့ သုံးသင်းလုံး နောက်တစ်ဆင့် တက်နိုင်ပါသေးတယ်။ ချယ်လ်ဆီးက ပေါ်တိုကို သရေကစားတာနဲ့ ရပါပြီ။

play

 

၉။ အုပ်စု (H) မှာ ဇင်းနစ်တစ်သင်းပဲ အုပ်စုတက်ပါသေးတယ်။ ဂျန့်နဲ့ဗလန်စီယာက နောက်ဆုံးပွဲအထိ အဖြေထုတ်ရမှာဖြစ်ပြီး အနိုင်မရတဲ့ အသင်းက နေခဲ့ရဖို့ များပါတယ်။

Source :www.wikipedai.org

Photos : www.dailymial.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ