Sports: ဒီည ချန်ပီယံလိဂ်မှာ အနိုင်ရဖို့ မန်ယူ ဒါတွေ လုပ်ဖို့လို

မန်ယူအသင်း အတွက် ဒီကနေ့ညဟာ ချန်ပီယံလိဂ်အုပ်စုတက်ရေး အဆုံးအဖြတ်ပွဲစဉ်ဖြစ်ပါတယ်။

play

 

တကယ်လို့ ဒီညပွဲမှာ မနိုင်ခဲ့ဘူးဆိုရင်တော့ ချန်ပီယံလိဂ်က မန်ယူထွက်ရတော့မှာဖြစ်ပြီး ဒီထက်တစ်ဆင့်နိမ့်တဲ့ ယူရိုပါလိဂ်ကို ဆင်းကစားရတော့မှာပါ။ ဒီနေ့ည ဝုလ်ဘတ်နဲ့ပွဲမှာ အနိုင်ရဖို့ မန်ယူအသင်းအတွက် အဓိကကျတဲ့ အချက် သုံးချက်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ ဒန်တေနဲ့ အားပြိုင်ရမယ့် တိုက်စစ်မှူးမာရှယ်

play
play

 

ဒီနေ့ပွဲမှာလည်း အသင်းခေါင်းဆောင် ရွန်နေးမပါနိုင်သေးလို့ မန်ယူရဲ့ တိုက်စစ်မှူးက မာရှယ်ဖြစ်မှာပါ။ မာရှယ်အဓိက ရင်ဆိုင်ရမှာကတော့ ဝုလ်ဘတ်အသင်းရဲ့ အဓိကနောက်ခံလူဒန်တေပါ။ ဒန်တေဟာ ဘိုင်ယန်မြူးနစ် ကစားသမားဟောင်း ဖြစ်ပါတယ်။ မာရှယ်နဲ့ ဒန်တေအားပြိုင်မှုကလည်း ရလဒ်ကို အဆုံးအဖြတ်ပေးသွားနိုင်ပါတယ်။

၂။ ဒရက်ဇလာနဲ့ ရှဝိန်းစတိုင်ဂျာ

play
play

 

ဒီလိုပွဲမျိုးမှာတော့ မန်ယူဘက်မှာ ရှဝိန်းစတိုင်ဂျာလို ကစားသမားမျိုး ရှိနေတာ ကံကောင်းတယ်လို့ ဆိုရပါမယ်။ ဒါပေမဲ့ ဒရက်ဇလာတို့အကြောင်း ရှဝိန်းက ကောင်းကောင်းသိပါတယ်။ ဒရက်ဇလာရဲ့ ဝုလ်ဘတ်တိုက်စစ်အတွက် ကွင်းလယ်ကနေ ပံ့ပိုးမှုတွေက ရှဝိန်းက ဟန့်တားရမှာပါ။

၃။ ဘာ့စ်ဒို့စ်ကို ထိန်းချုပ်ရမယ့် ခရစ္စမောလင်း

play
play

 

နောက်ခံလူ ခရစ္စမောလင်းကတော့ ဝုလ်ဘတ်တိုက်စစ်မှူး ဘာ့စ်ဒို့စ်ရဲ့ ထိုးဖောက်ချက်တွေကို ကာကွယ်ရမှာပါ။ အရပ် ခြောက်ပေ ငါးလက်မရှိပြီး ဒီရာသီမှာ ၉ ဂိုးသွင်းထားတဲ့ ဒီတိုက်စစ်မှူးကို ထိန်းချုပ်ဖို့တော့ ခရစ္စမောလင်းအတွက် လွယ်ကူမှာ မဟုတ်ပါဘူး။

Source & Photos : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ