Sports: ဝုလ်ဘတ်ကို ရှုံးပြီးနောက် မန်ယူ ချန်ပီယံလိဂ်မှ ထွက်ရပြီ

ဝုလ်ဘတ်အသင်းကို အဝေးကွင်းမှာ ရှုံးနိမ့်သွားခဲ့ပြီးတဲ့ နောက် မန်ယူအသင်းဟာ ချန်ပီယံလိဂ် အုပ်စုအဆင့်က လှည့်ပြန်ခဲ့ရပါပြီ။

play

 

ဝုလ်ဘတ်အသင်းကို အဝေးကွင်းမှာ ရှုံးနိမ့်သွားခဲ့ပြီးတဲ့ နောက် မန်ယူအသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်က လှည့်ပြန်ခဲ့ရပြီဖြစ်ပြီး တစ်ဆင့်နိမ့်တဲ့ ယူရိုပါလိဂ် ပြိုင်ပွဲကို ဝင်ကစားရတော့မှာပါ။ ဝုလ်ဘတ်အသင်းရဲ့ နောက်ခံလူနာဒိုက မန်ယူဘက်ကို နှစ်ဂိုးသွင်းပြီး ဝုလ်ဘတ်ကို အုပ်စုပထမနေရာနဲ့ နောက်ဆုံး ၁၆ သင်းရှုံးထွက်အဆင့်ကို တက်စေခဲ့တာဖြစ်ပါတယ်။ ဝုလ်ဘတ်က မန်ယူကို ၃-၂ နဲ့နိုင်သလို ပီအက်စ်ဗီကလည်း စီအက်စ်အေကို နိုင်ပွဲရအောင် ကစားသွားတာကြောင့် အုပ်စုဒုတိယအနေနဲ့ နောက်တစ်ဆင့် တက်သွားပါပြီ။

play

 

အသင်းခေါင်းဆောင်ရွန်နေးမပါတဲ့ မန်ယူက တိုက်စစ်မှူးမာရှယ်ကို တိုက်စစ်မှာဦးဆောင်စေခဲ့တာပါ။ ပွဲစပြီး ၁၀ မိနစ်အကြာမှာ မာတာရဲ့ အားထုတ်မှုကတစ်ဆင့် မာရှယ်က မန်ယူအတွက် ဦးဆောင်ဂိုးသွင်းပေးလိုက်လို့ မန်ယူ နောက်တစ်ဆင့်တက်ဖို့ မျှော်လင့် ချက်တွေ အားကောင်းခဲ့ပါတယ်။ ဒါပေမဲ့လည်း သုံးမိနစ်အကြာမှာတင် ဝုလ်ဘတ်က ချေပဂိုး ပြန်ရသွားတာပါ။ ရလာတဲ့ ပြစ်ဒဏ် ဘောကတစ်ဆင့် နောက်ခံလူ နာဒိုက မြေမကျဘောကန်သွင်းလိုက်လို့ ဒီဂီယာ ဘာမှ မလုပ်နိုင်ခဲ့ပါဘူး။

play

 

ကံမကောင်းစွာနဲ့ပဲ ၂၉ မိနစ်အရောက်မှာ ဝုလ်ဘတ်ကစားသမား ဗီရီညာရဲ့ ဂိုးကြောင့် ဝုလ်ဘတ်ကို မန်ယူဦးဆောင်ဂိုး ပေးလိုက်ရ ပါတော့တယ်။ ဒရက်ဇလာရဲ့ အကွက်မြင်မြင်ထိုးဖောက် ဖန်တီးမှုတွေကတစ်ဆင့် ဗီရီညာက ဒုတိယဂိုးသွင်းလိုက်တာပါ။ ပွဲပြီးခါနီး ၈၂ မိနစ်မှာ ဂီလာဗိုဂီက ကိုယ့်ဂိုးကိုယ် သွင်းမိသလို ဖြစ်သွားတာကြောင့် မန်ယူချေပဂိုးပြန်ရပြီး မျှော်လင့်ချက် ပြန်ကောင်းလာခဲ့ ပေမဲ့ နှစ်မိနစ်အကြာမှာတင် နောက်တစ်ဂိုး ပြန်ပေးလိုက်ရလို့ ချန်ပီယံလိဂ် အိပ်မက်လွင့်ပြယ်သွားခဲ့ရပါတယ်။

play

 

ရွန်နေးမပါတဲ့ မန်ယူကဒီပွဲမှာ ဗရီလာဆိုတဲ့ နောက်ခံကစားသမားကို ပထမဆုံးအကြိမ်ပွဲထုတ်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ဝုလ်ဘတ်အ တွက် အခရာကျခဲ့တဲ့ ဒရက်ဇလာနဲ့ ရှာရယ်လ်တို့ဖြစ်ပြီး ဒီကစားသမားတွေကြောင့်ပဲ ချန်ပီယံလိဂ်နဲ့ ဝေးခဲ့ရတာပါ။

play

Source :www.uefa.com

Photos :www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ