Sports: မန်စီးတီး အနိုင်ရပြီး ဂျူဗင်တပ် ကပ်ရှုံး

မန်စီးတီးကနောက်ဆုံးပွဲမှာ ခြောက်မိနစ်အတွင်း သုံးဂိုးသွင်းလိုက်လို့ နိုင်ပွဲရပြီး ဂျူဗင်တပ်ကတော့ ရှုံးသွားလို့ အုပ်စုဒုတိယဖြစ်သွားပါတယ်။

play

 

ဂျူဗင်တပ်က ဆီဗီလာကို မထင်မှတ်ပဲ  ရှုံးနိမ့်သွားချိန်မှာ မန်စီးတီးက အိမ်ကွင်းမှာ မိုချန်ဂလာဘတက်ကို ၄-၂ ဂိုးနဲ့ နိုင်လိုက်တာကြောင့် အုပ်စုပထမနဲ့ ချန်ပီယံလိဂ် နောက်တစ်ဆင့် တက်ခွင့်ရသွားပါတယ် မန်စီးတီးအတွက် ခြေစွမ်းပြခဲ့သူကတော့ စတာလင်ဖြစ်ပြီး နှစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။

play

 

နိုင်ပွဲဟာ မန်စီးတီးအတွက် လွယ်လွယ်ကူကူရခဲ့တာတော့ မဟုတ်ပါဘူး။ ၁၆ မိနစ်မှာဆေးလ်ဗားရဲ့ ဂိုးနဲ့ မန်စီးတီးက ဦးဆောင်ခဲ့ပေမယ့် မိုချန်ဂလာဘတ်ကက ပထမပိုင်းမှာတင် နှစ်ဂိုးပြန်သွင်းလိုက်တာကြောင့် မန်စီးတီး အခက်တွေ့သွားပါတယ်။ ပွဲပြီးခါနီး ဆယ်မိနစ်လောက် အလိုမှာ မန်စီးတီးဘက်က စတာလင်ရဲ့ ဂိုးတွေအပါအဝင် ခြောက်မိနစ်အတွင်း သုံးဂိုးသွင်းလိုက်လို့ မိုချန်ဂလာဘတ် ဘာမှမတက်နိုင်ပဲ အရှုံးပေးလိုက်ရပါတယ်။

play

 

 မိုချန်ဂလာဘတ်က ဒီပွဲရှုံးသွားလို့ ယူရိုပါလိဂ်တောင် ဝင်ခွင့်မရတော့ပဲ ဂျူဗင်တပ်ကို အနိုင်ကစားလိုက်တဲ့ ဆီဗီလာက ရသွားပါတယ်။ တစ်ဖက်မှာလည်း ဂါလာတာဆာရေး၊ ရှက်တာဒိုးနက် စတဲ့အသင်းတွေက နောက်တဆင့် တက်ခွင့်မရပေမဲ့ ယူရိုပါလိဂ် ကစားခွင့် ရသွားကြပါတယ်။

play

 

ပီအက်စ်ဂျီက ၂-၀ ဂိုးနဲ့နိုင်ပြီး ရီးရဲလ်မက်ဒရစ်က ၈-၀ ဂိုးနဲ့ မာလ်မိုအသင်းကို အနိုင်ရခဲ့ ပြန်ပါတယ်။

ရလဒ်အပြည့်အစုံနဲ့ ပွဲ review တွေကို အောက်ပါလင့်ခ်ကတစ်ဆင့် အပြည့်အစုံ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

http://www.duwun.com.mm/sports/football/vfl-wolfsburg-manchester-united-id4415413.html

ဒီကနေ့ညမှာတော့ အာဆင်နယ်၊ ချယ်လ်ဆီးစတဲ့ လန်ဒန်အသင်းတွေက အုပ်စုတက်ဖို့ ဆက်ပြီး တိုက်ပွဲဝင်ကြမှာပါ။

Source : www.goal.co.

Photos : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ