play

 

ပရီးမီးယားလိဂ် ဘောလုံးပရိသတ်များအဖွဲ့ချုပ် (FSF) က ချီးမြှင့်သည့် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို အာဆင်နယ်မှ ချီလီ တိုက်စစ်မှူး အလက်ဇီဆန်းချက်ဇ်က ရရှိခဲ့သည်။

play

 

အသက် (၂၆) နှစ် အရွယ်ရှိသည့် ဆန်းချက်ဇ်သည်၂၀၁၅ ဘောလုံးရာသီတွင် အာဆင်နယ်အတွက် ဂိုး (၂၀) သွင်းထားနိုင်ပြီး ဗီလာကို နိုင်ခဲ့သည့် အက်ဖ်အေဖလား ဗိုလ်လုပွဲအပြင် ချီလီအတွက် ကိုပါအမေရိကဖလား ဆွတ်ခူးရာတွင်လည်း အထူးစွမ်းဆောင်ပေးနိုင်ခဲ့သည်။

play

 

ဆန်းချက်ဇ်သည် လက်ရှိတွင် ဒဏ်ရာကြောင့် နားနေရသော်လည်း ပရိသတ်များ မဲပေးရွေးချယ်မှု ဆန်ခါတင်စာရင်း၌ ဂျေမီဗာဒီ၊ အဂူရို၊ ဒီဂီယာ၊ ဟယ်ရီကိန်းနှင့် ဂျွန်စတုန်းတို့ကို ကျော် ဖြတ်ပြီး မဲအများဆုံးဖြင့် ပထမရရှိခဲ့သည်။ ထိုဆုကို ၂၀၁၃ ခုနှစ်တွင် ဆွာရက်ဇ် နှင့်၂၀၁၄ တွင် အဂူရို တို့မှလည်း ရရှိခဲ့သည်။ 

Source & Photo: ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video