Sports: အာဆီယံ မသန် စွမ်း ပြိုင်ပွဲ၌ မြန်မာအသင်းများ ဆုတံဆိပ်များ ထပ်မံရရှိထား

play

 

စင်ကာပူနိုင်ငံ၌ကျင်းပလျက်ရှိသည့် (၈)ကြိမ်မြောက် အာဆီယံမသန် စွမ်း အားကစားပြိုင်ပွဲ၏ ဆဋ္ဌမနေ့ပွဲစဉ်များတွင် မြန်မာပြေးခုန်ပစ်နှင့် ရေကူးအဖွဲ့များက ဆုတံဆိပ်များ ထပ်မံရယူပေးနိုင်ခဲ့ကြောင်း သိရသည်။

play

 

မြန်မာပြေးခုန်ပစ်အဖွဲ့မှာ ရွှေတစ်ခု၊ ငွေတစ်ခု၊ ကြေးနှစ်ခုရယူပေးနိုင်ခဲ့ခြင်းဖြစ်ပြီး ရွှေဆုကို ကျော်ကျော်ဝင်းက အမျိုးသားမီတာ200 T44 ပြိုင်ပွဲ ၌ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ငွေဆုကို အမျိုးသားအမြင့်ခုန်F42/44 ပြိုင်ပွဲ၌ စိုးသန်း၊ ကြေးဆုများကို အမျိုးသားမီတာ 200 T42 ပြိုင်ပွဲ၌ တင့်နိုင်ဝင်း၊ အမျိုးသမီးသံလုံးပစ် F 54/55 ပြိုင်ပွဲ၌ ထက်ထက်အေးတို့က ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ဒီဇင်ဘာ (၈) ရက်က ပြီးဆုံးခဲ့သည့် မသန်စွမ်းရေကူးပြိုင်ပွဲတွင်လည်း ရွှေတစ်ခု၊ ငွေတစ်ခု၊ ကြေးတစ်ခု မြန်မာအဖွဲ့က ထပ်မံရယူနိုင်ခဲ့သည်။ မြန်မာရေကူးအဖွဲ့မှာ ပြိုင်ပွဲအပြီးတွင် ရွှေ (၉)ခု၊ ငွေ(၇)ခု၊ ကြေး(၇)ခု ရယူနိုင်ခဲ့သည်။

play

 

ပြိုင်ပွဲနောက်ဆုံးနေ့တွင် မြန်မာရေကူးအဖွဲ့အတွက် ရွှေဆုကို အမျိုးသားမီတာ 200 SM6 ပြိုင်ပွဲ၌ နိုင်စစ်အောင်၊ ငွေဆုကို ယင်းပြိုင်ပွဲ မှ အောင်မြင့်မြတ်၊ ကြေးဆုကို မီတာ200 SM10 ပြိုင်ပွဲ၌ အောင်ဖုန်းတို့က ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာလ (၈) ရက် ညနေပိုင်း ပွဲစဉ်များအပြီးအထိ မြန်မာ အားကစားအဖွဲ့က ရွှေ (၁၅) ခု၊ ငွေ (၁၆) ခု၊ ကြေး (၂၇) ခု ရယူနိုင်ခဲ့သည်။

Source: MOI Webportal Myanmar Facebook

Photo: www.aseanparagames.com, www. channelnewsasia.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ