Sports: စိန်ခေါ်ထားသူနဲ့ မထိုးရဲတော့လို့ တိုင်ဆန်ဖူရီ ချန်ပီယံခါးပတ် အသိမ်းခံရ

လွန်ခဲ့တဲ့နှစ်ပတ်ကမှ ဟဲဗီးဝိတ်ချန်ပီယံ ခါးပတ်ဆုကို ရထားတဲ့ တိုင်ဆန်ဖူရီတစ်ယောက် အခုတော့ ချန်ပီယံ ခါးပတ် ပြန်အသိမ်းခံရလိုက်ရပါပြီ။

play

ချန်ပီယံ တိုင်ဆန်ဖူရီ

အကြောင်းကတော့ ထိုးသတ်ဖို့ သဘောတူထားတဲ့ စာချုပ်ကို မလိုက်နာခဲ့ လို့ဖြစ်ပါတယ်။

တိုင်ဆန်ဖူရီက ကလစ်ရှ်ကို ကိုအနိုင်ယူပြီး IBF ချန်ပီယံခါးပတ်ဆု ရခဲ့တာပါ။ ဒါပေမယ့် ကလစ်ရှ်ကိုနဲ့ ပွဲမတိုင်ခင်က စာချုပ်ထဲမှာ ကလစ်ရှ်နဲ့ပွဲပြီးရင် ယူကရိန်းလက်ဝှေ့ကျော် ဂလက်ဇ်ကော့ဗ်နဲ့ တစ်ပွဲထိုးဖို့ သတောတူထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ တိုင်ဆန်ဖူရီက ဂလက်ဇ်ကော့နဲ့ ပွဲကို မထိုးသတ်တော့ပဲ ကလစ်ရှ်ကိုနဲ့သာ မကျေပွဲ ထပ်နွှဲဦးမယ်လုပ်နေလို့ ချန်ပီယံ ခါးပတ် ပြန်အသိမ်း ခံလိုက်ရတာပါ။

play

တိုင်ဆန်ဖူရီနဲ့  ထိုးသတ်ဖို့ သဘောတူထားတဲ့ ဂလက်ဇ်ကော့

ဒါပေမယ့် ကလစ်ရှ်ကိုနဲ့ ထိုးသတ်ပွဲမတိုင်ခင် ချုပ်ခဲ့တဲ့ စာချုပ်ထဲမှာ ကလစ်ရှ်ကိုနဲ့ ပြန်ထိုးသတ်ခွင့် အချက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။ IBF ချန်ပီယံရှစ်ဥက္ကဌကတော့ တိုင်ဖန်ဖူရီဆီက ချန်ပီယံ ခါးပတ် ပြန်သိမ်းလိုက်တယ်ဆိုတာ ဟုတ်မှန်ကြောင်း အတည်ပြုခဲ့ပါတယ်။

Source & Photos :www.skysports.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ