Sports: အာဆင်နယ် ချန်ပီယံလိဂ်က ထွက်ရမယ့် အကြောင်းပြချက် (၄) ခု

, updated

ဒီနေ့ညပွဲမှာ ချန်ပီယံလိဂ် အဆုံးအဖြတ်ပွဲအဖြစ် ပေါ်တိုနဲ့ ကစားရမယ့်ပွဲမှာ အာဆင်နယ်အသင်း မနိုင်လောက်တဲ့ အကြောင်းပြချက် အချို့ရှိနေပါတယ်။

play

 

ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲ ပထမနေ့ကစားခဲ့ကြပြီးတဲ့နောက် မန်ယူက လက်ပြနုတ်ဆက်သွားရပြီ ဖြစ်ပြီး မန်စီးတီးက နောက်တစ်ဆင့်တက်သွားပါပြီ။ ဒီကနေ့ အာဆင်နယ်၊ ချယ်လ်ဆီးတို့ရဲ့ အဆုံးအဖြတ်ပွဲတွေရှိနေပါသေးတယ်။ မန်ယူလို ဘယ်သူကံဆိုးမလဲ၊ မန်စီးတီးလို ဘယ်သူကံကောင်းမလဲ ဆိုတာ ဒီနေ့ပရိသတ်တွေ ရှုစားကြရဦးမှာပါ။

ကဲ ဒီနေ့ည အိုလံပီယာကို့ စ်- အာဆင်နယ်၊ ချယ်လ်ဆီ - ပေါ်တို တို့ရဲ့ အဆုံးအဖြတ်ပွဲစဉ် မကြည့်ခင်မှာ သိထားသင့်တဲ့ အချက်တွေကို ဖော်ပြပေးထားပါတယ်။

play

 

- အာဆင်နယ်က နောက်တစ်ဆင့်တက်ဖို့ဆိုရင် အိုလံပီယာကို့စ်ကို နှစ်ဂိုးနဲ့ အထက် အနိုင်ရဖို့ လိုပါတယ်။ ၁-၀ ဂိုးနဲ့ပဲ နိုင်မယ်ဆိုရင် အာဆင်နယ်အုပ်စုတက်မှာ မဟုတ်ပါဘူး။ ဒါမှမဟုတ် ၃-၂ ဂိုးနဲ့အထက် နိုင်မယ်ဆိုလည်း အာဆင်နယ်အုပ်စုတက်မှာပါ။

- အိုလံပီယာကို့စ်ဟာ ဒီရာသီမှာ လိဂ်ပွဲအားလုံး နိုင်ထားတဲ့အသင်းပါ။ ပြိုင်ပွဲစုံမှာ ဆိုရင် ဘိုင်ယန်မြူးနစ် တစ်သင်းကိုပဲ ရှုံးထားတာပါ။

play

 

- အာဆင်နယ်က အိုလံပီယာကို့စ်ကွင်းမှာ ၂၀၀၉၊ ၂၀၁၁နဲ့ ၂၀၁၂ တုန်းကသွားကစားခဲ့ဖူးပါတယ်။ သုံးကြိမ်လုံး အာဆင်နယ် ရှုံးခဲ့ဖူးပါတယ်။

- ဒီရာသီမှာ အာဆင်နယ်ရထားတဲ့ ၃၆ ဂိုးမှာ ၁၄ ဂိုးက ဆန်းချက်ဇ်ကြောင့် ရထားတာပါ။ အခု ဆန်းချက်ဇ် မပါနိုင်ပါဘူး။

Source :opta
Photos :www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ