Sports: အာဆင်နယ်အတွက် သူရဲကောင်း ဖြစ်သွားတဲ့ ဂျီရော့ဒ်

အိုလံပီယာကို့စ်ကို နိုင်ခဲ့ပြီးတဲ့နောက်အာဆင်နယ်က မန်စီးတီး၊ ချယ်လ်ဆီးတို့နဲ့အတူ နောက်တစ်ဆင့် တက်သွားပြီ ဖြစ်ပါတယ်

play

 

တိုက်စစ်မှူးဂျီရော့ဒ်ရဲ့ ဟက်ထရစ်သွင်းဂိုးနဲ့အတူ အာဆင်နယ်က အိုလံပီယာကို့စ် အသင်းကို အဝေးကွင်းမှာ အနိုင်ယူပြီး ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ကို တက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အိုလံပီယာကို့စ် အသင်းကို ၂-၀ နဲ့နိုင်ခဲ့မယ်ဆိုရင် အာဆင်နယ်နောက်တစ်ဆင့်တက်ဖို့ လုံလောက်ခဲ့ပေမဲ့ ၃-၀ ဂိုးနဲ့ အနိုင်ရလိုက်တာကြောင့် ဂရိကလပ် အိုလံပီယာကို့စ် ဘာမှမတတ်နိုင်ပဲ ချန်ပီယံဂ်ကို လက်ပြနုတ်ဆက်လိုက်ရပါတယ်။

play

 

ပထမပိုင်း မိနစ်သုံးဆယ်မပြည့်ခင်လေးမှာတင် ရမ်ဆေးဖြတ်ဘောကို တိုက်စစ်မှူးဂျီရော့ဒ်က ခေါင်းတိုက်သွင်းယူလိုက်လို့ အာဆင်နယ် ဦးဆောင်ဂိုးရခဲ့တာပါ။ ဒီတစ်ဂိုးသွင်းပြီးတဲ့နောက် ပထမပိုင်းမှာ အာဆင်နယ် ဂိုးဆက်မသွင်းနိုင်ခဲ့ပါဘူး။ နောက်ထပ် ဒုတိယဂိုးကို ၄၉ မိနစ်မှာ သွင်းယူလိုက်တာပါ။ ကမ်းဘဲလ်က ပင်နယ်တီဧရိယာထဲမှာ နောက်ခံလူ နှစ်ယောက်ကို ခြေယောင်ပြပြီး နောက်ကတက်လာတဲ့ ဂျီရော့ဒ်ရဲ့ ပြေးလမ်းကြောင်းထဲကို ချခင်းပေးလိုက်လို့ အာဆင်နယ် ၂-၀ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

play

 

၂-၀ ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် အိုလံပီယာကို့စ်ကို တစ်ဂိုးပြန်ပေးလိုက်ရရင် အုပ်စုပြုတ်မှာဖြစ်လို့ အာဆင်နယ်ကသာ ဂိုးရဖို့ ထပ်ကြိုးစားခဲ့ပါတယ်။ ၆၇ မိနစ်မှာ အိုလံပီယာကို့စ် ကစားသမား အီလက်ဒါလ်လူအီက လက်နဲ့ဟန့်တားမိသလို ဖြစ်သွားတာကြောင့် ကွင်းလယ်ဒိုင် ကပင်နယ်တီ ပေးခဲ့ပြီး အာဆင်နယ် တတိယဂိုးရသွားပြန်ပါတယ်။

play

 

ဒီလိုအခြေအနေမှာ နှစ်ဂိုးပြန်သွင်းရင်တောင် မရတော့တဲ့အိုလံပီယာကို့စ်လည်း ပွဲကိုဟန်မပျက်သာ ထိန်းကစား သွားတော့တာ တွေ့ရပါတယ်။ အရေးကြီးတဲ့ပွဲမှာ လိုအပ်တဲ့ ဂိုးအရေအတွက်နဲ့ နိုင်ပွဲရအောင် ယူလိုက်တဲ့ အာဆင်နယ်ဟာ မှတ်တမ်းတွေကို ချိုးဖြတ်ပြီး ချန်ပီယံလိဂ် ၁၆  သင်းအဆင့်ကို တက်သွားပြီ ဖြစ်ပါတယ်။

Source :www.skysports.com

Photos : www.dailymial.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ