Sports: ပရိသတ်များကို အားနာမိဟု မော်ရင်ဟို ဝန်ခံ

ချန်ပီယံလိဂ်မှာ ချယ်လ်ဆီးက ပေါ်တိုကို အနိုင်ယူပြီး ၁၆ သင်းရှုံးထွက်အဆင့်ကို တက်သွားခဲ့ပြီ ဖြစ်ပါတယ်။

play

 

ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲမှာ ချယ်လ်ဆီးက နိုင်ပွဲရပြီး အုပ်စုပထမဖြစ်ခဲ့ပေမဲ့ အသင်းပရိသတ်တွေရဲ့ ထောက်ခံမှုနဲ့ မိမိမထိုက်တန်ဘူးလို့ နည်းပြမော်ရင်ဟိုက ဝန်ခံလိုက်ပါတယ်။ နောက်ပြီး ဒီရာသီ ရလဒ်တွေအတွက် ချယ်လ်ဆီးအသင်း ပရိသတ်တွေကို တောင်းပန်ကြောင်းလည်း မော်ရင်ဟိုက ပြောပါတယ်။

play
play

ဒီလိုအားပေးတဲ့ ပရိသတ်တွေလည်း ရှိပါသေးတယ်

ချယ်လ်ဆီးဟာ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲမှာ ပေါ်တိုအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရပြီး အုပ်စုပထမဖြစ်သွားခဲ့တာပါ။ ဒီပွဲအရှုံးကြောင့် ပေါ်တိုက ထိပ်ဆုံးကနေ ချန်ပီယံလိဂ် အုပ်စုပြုတ်သွားတဲ့ အခြေအနေကို ရောက်သွားပါတယ်။

“ဒီအခြေအနေလာက်အထိတော့ ကျွန်တော်တို့အသင်း ပရိသတ်တွေကို ကျေနပ်မှု ပေးနိုင်ပါတယ်။ ဒီနှစ်မှာ ကျွန်တော်တို့ ကံမကောင်းပါဘူး။ ဒါပေမဲ့ ပရိသတ်တွေဘက်က အားပေးထာက်ခံမှုကတော့ ကျေနပ်စရာပါ။ ကျွန်တော်တို့အရည်အချင်းနဲ့ မလိုက်အောင်ကို ပရိသတ်တွေက ထောက်ခံခဲ့ကြတယ်။ ပရိသတ်တွေကို ကျွန်တော်တကယ် အားနာပါတယ်” လို့ မော်ရင်ဟိုက ပေါ်တိုနဲ့ ပွဲအပြီးမှာပြောခဲ့ပါတယ်။

play

ပေါ်တိုကိုနိုင်တဲ့ပွဲက ကော်စတာရဲ့ ထိုးဖောက်မှု

ချယ်လ်ဆီးက ချန်ပီယံလိဂ် အုပ်စုတက်သွားပြီ ဖြစ်ပေမဲ့ ပရီမီးယားလိဂ်မှာတော့ ရုန်းကန်ရဦးမှာပါ။

Source & Photos : www.dailymial.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ