Sports: အာဆီယံမသန်စွမ်းပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ရွှေ တံဆိပ်များ ဆွတ်ခူးခဲ့

ထိုင်းနိုင်ငံက နိုင်ငံအလိုက် ပထမနေရာရရှိခဲ့သည်။

play

 

၂၀၁၅ ခုနှစ် ၊ ဒီဇင်ဘာလ (၃) ရက်မှ (၉) ရက်အထိ စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သည့် (၈) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၌ မြန်မာအားကစားအဖွဲ့မှ ရွှေ (၁၆) ခု၊ ငွေ (၁၇) ခု၊ ကြေး (၂၉) ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

play

 

ပြိုင်ပွဲ၏ နောက်ဆုံးနေ့၏ (၇) ယောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ မြန်မာအသင်းမှာ (၃)ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး ငွေတစ်ခုရယူနိုင်ခဲ့သည်။

play

 

ယခုနှစ်ပြိုင်ပွဲပြီးဆုံးချိန်တွင် မြန်မာအားကစားအဖွဲ့အတွက် အားကစားနည်း (၉)မျိုး၌ ရေကူးအဖွဲ့က ရွှေ (၉)ခု၊ ငွေ (၇) ခု၊ ကြေး (၇)ခုဖြင့် အအောင်မြင်ဆုံးအားကစားအဖွဲ့အဖြစ် ရပ်တည်နိုင်ခဲ့ပြီး ထိုင်းနိုင်ငံက နိုင်ငံအလိုက် ပထမနေရာရရှိခဲ့သည်။

Photo: www.aseanparagames2015.com 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ