play

 

ဘီတီစပေါ့တ်ရုပ်သံအစီအစဉ်အတွက် ဘောလုံးဝေဖန်သူတွေအဖြစ်ဆောင်ရွက်ခဲ့တဲ့ မန်ယူဂန္ထဝင်ကစားသမား (၂) ဦးဖြစ်သူ ပေါလ်စခိုးနှင့် ဖာဒီနန်တို့က ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေလှည့်ထွက်ခဲ့ရပြီး ယူရိုပါလိဂ်မှာ ဆင်းကစားရတဲ့အတွက် မန်ယူ အသင်းကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တဲ့အပြင် ဒီအဖြစ်အပျက်ဟာ ရှက်ဖို့ကောင်းတယ်လို့ ဝေဖန်ခဲ့ပါတယ်။

play

 

စခိုးလ်က မန်ယူအသင်းဟာ သာမန်အသင်းလိုဖြစ်နေတဲ့အတွက် သာမန်စွမ်းဆောင်မှုပဲ ရမှာဖြစ်ကြောင်းနဲ့ အသင်းခေါင်းဆောင်ဟောင်းဖြစ်သူ ဖာဒီနန်ကလည်း သူ့အနေနဲ့ ၂၀၁၁ ခုနှစ်က ယူရိုပါလိဂ်ကို ဆင်းကစားရတဲ့ မန်ယူအသင်းမှာ ပါဝင်ခဲ့ဖူးတဲ့အတွက် အဲဒီအချိန်တုန်းကဆို ရှက်စရာတစ်ခုဖြစ်လို့ အိမ်ထဲကနေ အိမ်အပြင်ကိုတောင် မထွက်ချင်ခဲ့ကြောင်း ပြောကြားသွားပါတယ်။

play

 

မန်ယူဟာ အုပ်စုဘီရဲ့ တတိယရရှိခဲ့ပြီး ယူရိုပါလိဂ်ကို ဆီဗီလာ၊ ပေါ်တို ၊ ဗလင်စီယာ တို့နည်းတူ ရောက်ရှိခဲ့တာပါ။

 

Source & Photo: www.espnfcasia.com, www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video