Sports: အာဆင်နယ် ကစားသမားတွေ တွစ်တာမှာ အောင်ပွဲခံ

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်ရောက်သွားပြီးနောက် အာဆင်နယ် ကစားသမားတွေက တွစ်တာမှာ အသီးသီးအောင်ပွဲခံခဲ့ကြပါတယ်။

 

အိုလံပီယာကို့စ်အသင်းကို နိုင်ပွဲရပြီးတဲ့နောက် အာဆင်နယ် အသင်းသားတွေက လူမှုကွန်ယက် အကောင့်တွေကတစ်ဆင့် အသီးသီးအောင်ပွဲ ခံနေကြပါတယ်။ အိုလံပီယာကို့စ်ကို နှစ်ဂိုးနဲ့ အထက်သွင်းနိုင်မှ ချန်ပီယံလိဂ် အုပ်စုတက်မယ့် အာဆင်နယ်က သုံးဂိုးသွင်းပြီး အနိုင်ရခဲ့တာပါ။

ဝီရှိုင်းယားနဲ့ ဆန်းချက်ဇ်ကတော့ ဒီလိုအောင်ပွဲခံပါတယ်

၁၉၉၉ ခုနှစ်တုန်းကလို အုပ်စုကထွက်ရမယ့် အဖြစ်ကို ရှောင်နိုင်ခဲ့တဲ့ အာဆင်နယ်ဟာ တိုက်စစ်မှူး ဂျီရော့ဒ်ရဲ့ ဟက်ထရစ်သွင်းဂိုးတွေနဲ့ နိုင်ပွဲရခဲ့တာပါ။ ဒဏ်ရာကြောင့် အသင်းမှာ မပါနိုင်ခဲ့တဲ့ ဆန်းချက်ဇ်တောင် တွစ်တာပေါ်တက်ပြီး အောင်ပွဲခံခဲ့ပါတယ်။

ဝဲလ်ကော့ကတော့ ဒီလိုရေးထားပါတယ်

ရမ်ဆေး၊ ဝဲလ်ကော့နဲ့ အိုဇေးတို့က ဟက်ထရစ်ရှင် ဂျီရော့ဒ်ကို ချီးကျူးရေးသားခဲ့ကြတာပါ။ “အသင်းနိုင်ပွဲအတွက် အတိုင်းမသိ ပျော်ပါတယ်။ အခုတော့ နောက်တစ်ဆင့်ကို ရောက်ပါပြီ” ဆိုပြီး ဆန်းချက်ဇ် ကတော့ ရေးသားထားပါတယ်။

အောင်ပွဲခံတဲ့ အထဲမှာ ဘယ်လာရင်လည်း ပါဝင်ပါတယ်

ဆိုရှယ်မီဒီယာသုံးစွဲသူတွေကလည်း အာဆင်နယ်ရဲ့ နိုင်ပွဲအပေါ် ရယ်မောစရာအဖြစ် ဟာသလုပ်ထားကြတာတွေ ရေပန်စားနေပါတယ်။

Source :www.101greatgoals.com

Photos :dailymial.co.uk, twitter.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ