Sports: အရမ်းဟော့တဲ့ ဂေါက်သီး အားကစားမယ်

, updated

ဝါရင့်ပရော်ဖက်ရှင်နယ် ဂေါက်သီးအားကစားမဲ့ မဟုတ်ပေမဲ့ သူမကို ကမ္ဘာ့အဆင့် ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ကမ်းလှမ်းခြင်းခံခဲ့ရသူပါ။

play

 

ဒီနှစ်ဒူဘိုင်းမှာ ကျင်းပတဲ့ အိုမီဂါဒူဘိုင်းလေဒီးစ်မာစတာ ဂေါက်သီးရိုက်ပြိုင်ပွဲမှာ နာမည်ကြီးနေသူကတော့ အမေရိကန် ဂေါက်သီးသမား ပေးဂျီစပီရားနက် (Paige Spiranac) ဖြစ်ပါတယ်။ အသက် ၂၂ နှစ်ပဲရှိသေးတဲ့ သူမက အင်စတဂရမ် (Instagram) မှာတော့ အတော်လေး နာမည်ကြီးပြီး Follower လေးသောင်းရှစ်ထောင်ကျော် ရှိသူပါ။

play
play

 

ယူအေအီးမှာ ကျင်းပတဲ့ပြိုင်ပွဲက သူမအတွက် ကမ္ဘာ့အဆင့် ပွဲဦးထွက် ပြိုင်ပွဲဖြစ်ပါတယ်။ ဂေါက်သီးပြိုင်ပွဲ ပရိသတ်အချို့ကတော့ ဒီလိုအဆင့်မြင့်ပြိုင်ပွဲမျိုးမှာ သူမလို သာမန်ဂေါက်သီးသမားတစ်ဦးကို မဖိတ်သင့်ဘူးလို့ ဝေဖန်ကြပါတယ်။ ဒါပေမဲ့ ပေးဂျီကတော့ သူမနဲ့ဒီပြိုင်ပွဲ ထိုက်တန်တယ်လို့ ပြန်တု့န်ပြန်ထားပါတယ်။

play
play

 

ဒီပြိုင်ပွဲကို ဝင်ပြိုင်ဖို့ အဖိတ်ခံခဲ့ရပြီးနောက် သူမဘဝမှာ အခက်ခဲဆုံး နေ့ရက်တွေကို ဖြတ်သန်းခဲ့ရတယ်လို့ ပေးဂျီက ဝန်ခံထားပါတယ်။ သူမဟာ ဒီနှစ်ထဲမှာမှ ဆန်ဒီယေးဂိုးတက္ကသိုလ်က ဘွဲ့ရထားသူဖြစ်ပြီး အင်စတာဂရမ်မှာတော့ အရမ်းဟော့တဲ့ ဓာတ်ပုံတွေ တင်လေ့ရှိသူပါ။

play

 

Source & Photos :www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ