Sports: (၄) နိုင်ငံ ဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် အီရန်အသင်း ကစားရမည်

, updated

အိမ်ရှင် တရုတ် ၊ မြန်မာ ၊ မက္ကဆီကိုနှင့် အီရန် ဖူဆယ်လက်ရွေးစင် အသင်းများမှ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

play

 

၂၀၁၅ ခုနှစ် ၊ ဒီဇင်ဘာ ၁၈ ရက်မှ ၂၀ ရက်အထိ တရုတ်နိုင်ငံ ချန်ရှူးမြို့တွင် ကျင်းပမည့် (၄) နိုင်ငံ ဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲတွင် မြန်မာသင်းနှင့် အီရန်အသင်းတို့ အဖွင့်ပွဲစဉ်ကစားရမည်ဖြစ်သည်။

play

 

အဆိုပါပြိုင်ပွဲတွင် အိမ်ရှင် တရုတ် ၊ မြန်မာ ၊ မက္ကဆီကိုနှင့် အီရန် ဖူဆယ်လက်ရွေးစင် အသင်းများမှ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အုပ်စုပတ်လည်ပုံစံဖြင့် ကျင်းပမည်ဖြစ်ကာ အမှတ်အများဆုံးရရှိသည့် အသင်းက ဗိုလ်စွဲမည်ဖြစ်သည်။

play

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ဒီဇင်ဘာလ (၁၈) ရက် တွင် အီရန်အသင်း၊ ဒီဇင်ဘာလ (၁၉) ရက်တွင် တရုတ်အသင်း၊ ဒီဇင်ဘာလ (၂၀) ရက်တွင် မက္ကဆီကိုအသင်းတို့နှင့် ယှဉ်ပြိုင်ရမည်။

Photo: www.aseanfootball.org

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ