Sports: ဖီဖာ ၂၀၁၅ ကလပ်ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်တွင် အိမ်ရှင်ဂျပန်အသင်း ဆန်ဖရီစီဟီရိုရှီးမားကနယူးဇီလန် အနိုင်ရရှိခဲ့

ဒီဇင်ဘာလ (၁၆) ရက်နှင့် (၁၇) ရက်တို့တွင် အကြိုဗိုလ်လုပွဲများကို ကစားမည်ဖြစ်ပြီး ဒီဇင်ဘာ (၂၀) ရက်နေ့တွင် ဗိုလ်လုပွဲကို ကစားမည်။

play

 

ဂျပန်နိုင်ငံကလက်ခံကျင်းပသည့် ဖီဖာ ၂၀၁၅ ကလပ်ကမ္ဘာ့ဖလားဖွင့်ပွဲကို ဂျပန်နိုင်ငံတွင် စတင်ခဲ့ရာ အိမ်ရှင်ဂျပန်အသင်း ဆန်ဖရီစီဟီရိုရှီးမားကနယူးဇီလန်မှ အော့ကလန်စီးတီး ကို ၂ - ၀ ဂိုးပြတ်အနိုင်ရရှိပြိး ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့သည်။

play

 

ဂျေလိဂ်တွင် တတိယရရှိခဲ့သည့် ဟီရိုရှီးမားအသင်းသည် နောက်တစ်ဆင့်တွင် အာဖရိကချန်ပီယံအသင်း ကွန်ဂိုကလပ် မဇမ်ဘီနှင့် တွေ့မည်ဖြစ်ပြီး အဆိုပါပွဲမှ အနိုင်ရသောအသင်းသည် အကြိုဗိုလ်လုပွဲသို့တက်ကာ ဥရောပချန်ပီယံ ဘာစီလိုနာနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

play

 

တစ်ဖက်တွင် တောင်အမေရိကချန်ပီယံ ရေးဗားပလိတ်မှာမူ မြောက်အမေရိကချန်ပီယံ ကလပ် အမေရိကနှင့် အာရှချန်ပီယံ ဂွမ်ကျိုးအဲဗားဂရန်းတို့မှ အနိုင်ရသောအသင်းနှင့် တွေ့မည်ဖြစ်သည်။

play

 

ဒီဇင်ဘာလ (၁၆) ရက်နှင့် (၁၇) ရက်တို့တွင် အကြိုဗိုလ်လုပွဲများကို ကစားမည်ဖြစ်ပြီး ဒီဇင်ဘာ (၂၀) ရက်နေ့တွင် ဗိုလ်လုပွဲကို ကစားမည်။

Source: AFP

Photo: ww.fifa.com, www.conmebol.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ