Sports: ၂၀၁၆ အေအက်ဖ်စီ ဖလားပြိုင်ပွဲ အုပ်စု ပွဲစဉ်များ မဲခွဲခြင်း အခမ်းအနားပြီးစီး

ရန်ကုန်ယူနိုက်တက်အသင်းသည် ခြေစစ်ပွဲအဆင့် ဖြတ်ကျော်နိုင်ခဲ့ပါက မြန်မာနေရှင်နယ်လိဂ် ဒုတိယနေရာမှ ရတနာပုံအသင်းက အေအက်ဖ်စီဖလားကို ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။

play

 

၂၀၁၅ ခုနှစ် ၊ ဒီဇင်ဘာလ (၁၀) ရက်နေ့က အေအက်ဖ်စီဖလား အုပ်စု ပွဲစဉ်များ မဲခွဲခြင်းအခမ်းအနားကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ဟေတန်ပတ်တလင်းဟိုတယ်၌ ကျင်းပခဲ့ရာ ရှုံးထွက်ဖလားချန်ပီယံ ဧရာဝတီအသင်းသည် လက်ရှိ ချန်ပီယံဖြစ်သည့် မလေးရှားကလပ် Johor Darul Takzim (သို့မဟုတ်) ပါဟမ်း (မလေးရှား)၊ လာအိုတိုယိုတာအက်ဖ်စီ (လာအို)နှင့် ဂျေအက်စ်ဒဗလျူ ဘင်ဂါလာရူ (အိန္ဒိယ)အသင်းတို့နှင့် အုပ်စု(ဇ)တွင် ကျရောက်ခဲ့သည်။

play

 

ထို့အပြင် မြန်မာလိဂ်ချန်ပီယံ ရန်ကုန်ယူနိုက်တက်သည် အုပ်စု(ဆ)တွင် ပါဝင်ခဲ့ပြီး အိန္ဒိယကလပ် မိုဟမ်ပုဂံအေစီ၊ ဟောင်ကောင် ကလပ် ဆောက်ချိုင်းနား အက်ဖ်စီ၊ မော်လ်ဒိုက်ကလပ် Maziya S & C အသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

play

 

သို့သော် ၂၀၁၆ အာရှချန်ပီယံလိဂ်ပြိုင်ပွဲကို ဒုတိယအဆင့် ခြေစစ်ပွဲမှ ယှဉ်ပြိုင်ခွင့်ရရှိထားသည့် ရန်ကုန်ယူနိုက်တက်အသင်း သည် ခြေစစ်ပွဲအဆင့် ဖြတ်ကျော်နိုင်ခဲ့ပါက မြန်မာနေရှင်နယ်လိဂ် ဒုတိယနေရာမှ ရတနာပုံအသင်းက အေအက်ဖ်စီဖလားကို ယှဉ်ပြိုင် ခွင့်ရရှိမည်။

play

 

ပြိုင်ပွဲဝင် (၃၂) သင်းကို (၄) သင်းပါ (၈) အုပ်စု ခွဲဝေထားပြီး အိမ်ကွင်း၊ အဝေးကွင်းစနစ်ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ကာ အုပ်စုတွင်း ပထမ၊ ဒုတိယရရှိသည့် အသင်းများက ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ အုပ်စုပွဲစဉ်များကို ၂၀၁၆ ခုနှစ် ၊ ဖေဖော်ဝါရီလ (၂၃) နှင့်(၂၄) ရက်တို့တွင် စတင်ကျင်းပမည်။

 

Source & Photo: www.the-afc.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ