Sports: ယခုနှစ် ဘောလုံးရာသီအတွက် ရန်ကုန်ယူနိုက်တက် အသင်း ပြည်ပကစားသမားတစ်ဦး နောက်ဆုံးခေါ်ယူ

လက်ရှိအချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၁၆ ဘောလုံးရာသီအတွက် ဘရာဇီးမှ တိုက်စစ်မှုးများဖြစ်သည့် အက်ဒီဆင်၊ မာဆယ်လို၊ ဂိုးသမားဖာနန်ဒိုနှင့် သြစတြေးလျနောက်ခံလူ မီလန်ဆူဆက် စသည့် ပြည်ပကစားသမား (၄) ဦးကို ခေါ်ယူထားသည်။

play

 

၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းသည် ပြည်ပကစားသမား နောက်ဆုံးခေါ်ယူမှုအဖြစ် သြစတြေးလျနိုင်ငံသား နောက်ခံလူ မီလန်ဆူဆက်ကို တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူခဲ့သည်။

လာမည့်ဘောလုံးရာသီတွင် အာရှချန်ပီယံလိဂ်ပြိုင်ပွဲ အကြိုခြေစစ်ပွဲ ဒုတိယအဆင့်မှ စတင် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားသည့် အတွက် ပြည်ပမှ ကစားသမားများကို ဆောလျင်စွာခေါ်ယူခဲ့ခြင်းဖြစ်ကာ ယခုခေါ်ယူလိုက်သည့် ပြည်ပကစားသမား၏ အရပ် သည် ခြောက်ပေတစ်လက်မရှိပြီး ယခင်က အိန္ဒိယကလပ် အရှေ့ဘန်ဂေါအသင်းတွင် ကစားခဲ့ဖူးသည်။

play

 

လက်ရှိအချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၁၆ ဘောလုံးရာသီအတွက် ဘရာဇီးမှ တိုက်စစ်မှုးများဖြစ်သည့် အက်ဒီဆင်၊ မာဆယ်လို၊ ဂိုးသမားဖာနန်ဒိုနှင့် သြစတြေးလျနောက်ခံလူ မီလန်ဆူဆက် စသည့် ပြည်ပကစားသမား (၄) ဦးကို ခေါ်ယူထားသည်။

 

Source & Photo: www.ygnutd.com, www.themnl.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ