Sports: ဘာစီလိုနာနဲ့ မတွေ့ချင်တဲ့ အာဆင်နယ်

, updated

လာမယ့် ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ အာဆင်နယ်က ဘာစီလိုနာနဲ့ မတွေ့ချင်ဘူးလို့ ဖလာမီနီက ဝန်ခံလိုက်ပါတယ်။

play

 

၁၆ သင်းရှုံးထွက်အဆင့်ကို တက်သွားပြီဖြစ်တဲ့ အာဆင်နယ်အသင်းအနေနဲ့ လာမယ့်အဆင့်တွေမှာ ဘာစီလိုနာနဲ့ မတွေ့ချင်သေးဘူးလို့ အသင်းကစားသမား ဖလာမီနီက ဝန်ခံလိုက်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်က ပြိုင်ပွဲတစ်ခုလုံးမှာ ဆိုရင်တော့ ချန်ပီယံလိဂ်ဖလားကို ယူနိုင်စွမ်း ရှိနေပြီလို့ ဖလာမီနီက ဆိုပါတယ်။

play

 

အာဆင်နယ်ဟာ အုပ်စုနောက်ဆုံးပွဲမှာ အိုလံပီယာကို့စ်ကို ၃-၀ ဂိုးနဲ့ အနိုင်ယူပြီးနောက် ဒီအဆင့်ကို တက်ရောက်တာဖြစ်ပါတယ်။ လာမယ့်ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်နဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေကို မဲခွဲဦးမှာ ဖြစ်ပါတယ်။

အာဆင်နယ်က အုပ်စုဒုတိယနဲ့ နောက်တဆင့်တက်ခဲ့တာဖြစ်လို့ အခြားတစ်ဖက်မှာ အုပ်စုပထမ ရထားတဲ့ ရီးရဲလ်မက်ဒရစ်၊ အသလက်တီကို၊ ဘာစီလိုနာ စတဲ့အသင်းတွေနဲ့ တွေ့ရဖို့ အလားအလာ ရှိနေတာပါ။ “လာမယ့်အဆင့်မှာ ကျွန်တော်တို့ ဘာစီလိုနာနဲ့ မတွေ့ချင်သေးဘူး။ သူက ထိပ်ဆုံးမှာ ရှိနေတဲ့ အသင်းလေ။ ဒါပေမယ့် ပြိုင်ပွဲနောက်ဆုံးအဆင့်ထိ ရောက်ချင်တယ်ဆိုရင်တော့ တွေ့ရမှာပေါ့လေ” လို့ ဖလာမီနီက ပြောတာပါ။

Source :www.goal.com

Photos :dailymial.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ