Sports: ဟာနန်ဒက်ဇ်ကို ရောင်းခဲ့တာ မန်ယူ မှားသွားသလား

ဒီနှစ်မှာ ဂိုးရဖို့ ရုန်းကန်နေရတဲ့ မန်ယူအတွက် ဂျာမနီမှာ ဂိုးတွေသွင်းနေတဲ့ ဟာနန်ဒက်ဇ်ဟာ မန်ယူအတွက် လွမ်းစရာ ဖြစ်နေပါတယ်။

play

 

ချီကာရီတိုဟာနက်ဒက်ဇ်နဲ့ ပတ်သတ်ပြီး မန်ယူရဲ့ ဆုံးဖြတ်ချက်တွေ အကြီးအကျယ် မှားယွင်းခဲ့ကြောင်းကို ဟာနန်ဒက်ဇ်က သက်သေတွေပြနေပြီဖြစ်ပါတယ်။ ဘာစီလိုနာနဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာ လေဗာကူဆင်အတွက် အရေးပါတဲ့ ချေပဂိုးကို သွင်းခဲ့သူက ဟာနန်ဒက်ဇ်ဖြစ်တဲ့အပြင် ဒီရာသီမှာ အသင်းအတွက် အရေးပါတဲ့ ဂိုးတွေကိုလည်း သွင်းပေးနေသူပါ။

play

 

ဟာနန်ဒက်ဇ်က  ရာသီအစမှ လေဗာကူဆင်အသင်းကို ရောင်းချခံလိုက်ရတာဖြစ်ပါတယ်။ အခုလေဗာကူဆင်နဲ့ အတူ ၁၉ ပွဲကစားပြီး ၁၄ ဂိုးသွင်းထားတဲ့ ဟာနန်ဒက်ဇ်ကြောင့် မန်ယူရဲ့ဆုံးဖြတ်ချက်မှားသွားပြီ ဆိုတာ ပိုပြီး ထင်ရှာလာတာပါ။ မန်ယူက ရလဒ်တွေမကောင်း ဖြစ်နေချိန်နဲ့ တစ်ပြိုင်နက်မှာပဲ ဟာနန်ဒက်ဇ်ရဲ့ သွင်းဂိုးတွေက မန်ယူကိုပိုပြီး ခံရခက်စေတာပါ။

play

 

ဒီရာသီမှာ မန်ယူက ပရီးမီးယားလိဂ် ၁၅ ပွဲကစားပြီး ဂိုး ၂၀ ပဲသွင်းထားချိန်မှာ ချီကာရီတိုဟာနန်ဒက်ဇ်က ဘွန်ဒက်စ်လီဂါ ၁၂ ပွဲမှာ ၇ ဂိုးသွင်းထားပြီးပါပြီ။ မနှစ်က ရီးရဲလ်မက်ဒရစ်ကို အငှားချခဲရာမှာလည်း ဟာနန်ဒက်ဇ် လူစားဝင်ကစားရတဲ့ပွဲတွေမှာတောင် မကြာခဏ ဂိုးသွင်းခဲ့သူဖြစ်ပါတယ်။

ဒီနှစ်မှာ တိုက်စစ်က ဂိုးမိုးခေါင်မှု ဖြစ်နေတဲ့ မန်ယူအတွက်တော့ ဂျာမနီရောက် ဟာနန်ဒက်ဇ်ဟာ လွမ်းစရာပါ။

ှSource & Photos :www.dailymial.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ