Sports: ထရန်စဖော်မာ လိုဂိုနဲ့ တူနေတဲ့ ဂါရက်ဘေးလ်ရဲ့ ကုမ္ပဏီလိုဂို

ဂါရက်ဘေးရဲ့ စီးပွားရေးအမှတ်တံဆိပ်အသစ်ဟာ ထရန်စဖော်မာဇာတ်လမ်းရဲ့ အမှတ်တံဆိပ်နဲ့ အတော်လေး ဆင်တူနေတာပါ။

play

 

ဒီဘက်ခေတ်မှာ သန်းကြွယ်သဌေးတွေဖြစ်လာတဲ့ ဘောလုံးသမားတွေက ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ကုမ္ပဏီထောင်ပြီး စီးပွားရေး လုပ်ကြတာမဆန်းတော့ပါဘူး။ ဆန်းတာက အခုရီးရဲလ်မက်းရစ် ကစားသမား ဂါရက်ဘေးလ်ရဲ့ စီးပွားရေးလုပ်မယ့် လိုဂိုအမှတ် တံဆိပ်အသစ်ဟာ ထရန်စဖော်မာရုပ်ရှင်ဇာတ်ကားရဲ့ လိုဂိုနဲ့ သွားဆင်နေတာပဲ ဖြစ်ပါတယ်။

play

 

ဂါရက်ဘေးလ်က ဂိုးသွင်းပြီးတိုင်း လက်နှစ်ကို အသည်းပုံလုပ်ပြပြီး အောင်ပွဲခံသူဖြစ်ပါတယ်။  အခု သူ့ရဲ့  လိုဂိုအသစ်မှာလည်း သူ့ရဲ့ဂိုးသွင်းပြီး အောင်ပွဲခံတဲ့ စတိုင် ပေါ်အောင် ဖန်တီးရေးဆွဲထားတာ တွေ့ရပါတယ်။ ထရန်စဖ်ာမာ ရုပ်ရှင်ဇာတ်ကား ပေါ်ပေါက်လာတာ ဆယ်စုနှစ်တွေ ကျော်လွန်ခဲ့ပြီးပါပြီ။

play

 

အခုတော့ ဂါရက်ဘေးလ်ရဲ့ လိုဂိုအသစ်က ထရန်စဖော်မာကို လုံးဝခြိမ်းခြောက်နေပြီဆိုပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒီအကြောင်းကို တွစ်တာမှာလည်း ပြောနေကြပါတယ်။

 

Source :www.espn.co.uk

Photos :www.dailymial.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ