Sports: ဒီတစ်ပတ် လက်မလွှတ်သင့်တဲ့ ပွဲကြီးပွဲကောင်း

ဒီတစ်ပတ်တော့ ဘောလုံးပရိသတ်တွေကို ရင်ခုန်စရာတွေ ပေးနိုင်မယ့် ပြိုင်ပွဲက စီးရီးအေ ဖြစ်လာနိုင်ပါတယ်။

play

 

လာမယ့် စနေ၊တနင်္ဂနွေမှာ ကစားမယ့် စီးရီးအေပွဲကောင်းတွေ ရှိနေတာကြောင့် လက်မလွှတ်သင့်ပါဘူး။

စိတ်ဝင်စားစရာ အကောင်းဆုံးပွဲက ဂျူဗင်တပ်နဲ့ ဖီအိုရင်တီးနားဖြစ်ပါတယ်။ ဒီနှစ်သင်းက ဘယ်လောက် ပြိုင်ဆိုင်မှု ပြင်းထန်သလဲ ဆိုရင် နှစ်ဖက်အသင်းပရိသတ်တွေပါ ဆတ်ဆတ်ထိမခံ အားပေးကြတာပါ။ လက်ရှိချန်ပီယံ ဂျူဗင်တပ်က အဆင့် ၅ နေရာမှာဖြစ်ပြီး ဖီအိုရင်တီးနားကတော့ အဆင့် ၂ နေရာမှာပါ။ အဆင့်၃ နဲ့ ၄ နေရာက နာပိုလီနဲ့ ရိုးမားရဲ့ တွေ့ဆုံမှုလည်း ရှိနေတာကြောင့် ဂျူဗင်တပ်အတွက် ဒီတပတ်ဟာ မဟာအခွင့်အရေးပါ။ တကယ်လို့ဂျူဗင်တပ် နိုင်ခဲ့မယ်ဆိုရင် အဆင့်တက်သွားနိုင်တဲ့အပြင် ဖီအိုရင်တီးနားနဲ့ပါ နှစ်မှတ်ပဲ ကွာတဲ့ အခြေအနေကို ရောက်သွားပါတယ်။

play

 

ရာသီအစ ခြေစွမ်းသိပ်မတည်ငြိမ်တော့မယ့် အခုတော့ ဂျူဗင်တပ်က စီးရီးအေမှာ ငါးပွဲဆက်နိုင်ထားတာပါ။ ဒါပေမယ့် ၁၉၆၉ ခုနှစ်နောက်ပိုင်း အမှတ်ပေးဖလားမရတဲ့ ဖီအိုရင်တီးနားကလည်း ဒီနှစ်မှာ အမှတ်ပေးဖလား ရဖို့ လမ်းစပွင့်နေပြီဖြစ်လို့ ဂျူဗင်တပ်ဆီကအမှတ်ရအောင် နည်းမျိုးစုံနဲ့ ကြိုးစားပါလိမ့်မယ်။

play

 

ဒါကြောင့် ဒီတပတ် ဥရောပအမှတ်ပေးလိဂ် ဘောလုံးပြိုင်ပွဲတွေထဲမှာ ဂျူဗင်တပ်နဲ့ ဖီအိုရင်တီးနားပွဲစဉ်က မဖြစ်မနေ ကြည့်ရမယ့် ပွဲစဉ် တစ်ခုဖြစ်နေပါတယ်။ ဂျူဗင်တပ်ပွဲပြီးရင် နာပိုလီနဲ့ ရိုးမားပွဲကလည်း အကြိတ်အနယ် အရှိဆုံးပွဲစဉ် ဖြစ်လာဦးမှာပါ။

Source : www.footballnews.com

Photos : www.forzaitalianfootball.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ