Sports: မန်ယူ နိုင်ပွဲရဖို့ ပိုခက်လာတယ်လို့ ဗန်ဟားလ်ဆို

ဗန်ဟားလ်က မန်ယူအသင်းဟာ ဆာ အဲလက်စ် ဖာဂူဆန် လက်ထက်တုန်းကထက် အောင်မြင်မှုတွေရဖို့ အလွန် ခက်ခဲလာတယ်လို့ ဆိုပါတယ်။

play

 

မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ လူးဝစ် ဗန်ဟားလ်ရဲ့ မှတ်ချက်စကားက အသင်း ပရိသတ်တွေကြား ဘဝင်မကျချင်စရာလို့ ဆိုနိုင်ပါတယ်။ ဗန်ဟားလ်က မန်ယူအသင်းဟာ ဆာ အဲလက်စ် ဖာဂူဆန် လက်ထက်တုန်းကထက် အောင်မြင်မှုတွေရဖို့ အလွန် ခက်ခဲလာတယ်လို့ ဆိုပါတယ်။

play

 

ဥရောပ ဘောလုံး ကလပ်အသင်း အများအပြားဟာ ငွေကြေးအင်အား တောင့်တင်းလာကြပြီး အလွယ်တကူ အနိုင်ရဖို့ ပိုခက်လာတယ်လို့ သူက ပြောပါတယ်။ အမြဲတမ်း နိုင်ရမယ်ဆိုတဲ့ မျှော်လင့်ချက်တွေဟာ အတိတ်ကာလမှာ ကျန်ခဲ့ပြီလို့လည်း ဗန်ဟားလ်က မှတ်ချက်ပြုလိုက်ပါတယ်။

play

 

မန်ယူအသင်းဟာ ချန်ပီယံလိဂ် အုပ်စုအဆင့်မှ ရှုံးနိမ့်ထွက်ခွာခဲ့ရပြီး ယူရိုပါလိဂ်မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ယူရိုပါလိဂ်မှာ အနိုင်ရဖို့ သူနဲ့ ကစားသမားတွေဟာ အစွမ်းကုန် ကြိုးစားရလိမ့်မယ်လို့လည်း ဗန်ဟားလ်က သုံးသပ်ပါတယ်။ မန်ယူဟာ ယနေ့ (ဒီဇင်ဘာ ၁၂ ရက်) ညမှာ ဘုန်းမောက်အသင်းနဲ့ အဝေးကွင် ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

play

 

မန်ယူမှာ ကစားသမားတွေ ဒဏ်ရာရထားတဲ့ ပြဿနာလည်း အဓိက တွေ့ကြံနေရပါတယ်။ ယနေ့ည ဘုန်းမောက်နဲ့ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်မှာ မန်ယူကစားသမား ၉ ဦးအထိ ဒဏ်ရာရ ပွဲပယ်ခံရမှုကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ ဝိန်းရွန်နီ၊ ရိုဂျို၊ စမောလင်း၊ ဖီးလ်ဂျုံးစ်၊ ဟာရီရာ၊ လုခ်ရှော၊ ဗလင်စီယာ၊ ဒါမီယန်တို့ဟာ ဒဏ်ရာအသီးသီး ရရှိထားပြီး အသင်းမှာ  ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။ ရှဝိန်း စတိုင်ဂါကလည်း သုံးပွဲပယ် ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

play

 

ဒီလို ပြဿနာတွေ ရှိနေပေမယ့်လည်း မန်ယူဟာ အင်္ဂလန် ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။ ဓူဝံ ဝက်ဘ်ဆိုက်မှာ ဘုန်းမောက်နဲ့ မန်ယူ ပွဲစဉ် တိုက်ရိုက်တင်ဆက်မှုကို ကြည့်မယ်ဆိုရင် http://www.duwun.com.mm/sports/football/bournemouth-afc-manchester-united-id4431450.html ကနေ စောင့်နေနိုင်ပါတယ်။

play

 

အသင်းနှစ်သင်းရဲ့ တွေ့ဆုံမှု၊ လူစာရင်း၊ ပွဲစဉ်တစ်လျှောက် ယှဉ်ပြိုင်မှု အခြေအနေ စတဲ့ အချက်အလက် အသေးစိတ်တွေကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ အခြား ပွဲစဉ်များရဲ့ တိုက်ရိုက် တင်ဆင်မှုကိုလည်း ဓူဝံမှာ ကြည့်ရှုနိုင်မှာပါ။

Source: www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ