AD
AD
AD
play

 

ဘာစီလိုနာအသင်း တိုက်စစ်မှူး လီယွန်နယ် မက်ဆီကတော့ ခရစ္စမတ်နဲ့ နှစ်သစ်ကူး အားလပ်ရက်တွေအတွက် တက်ကြွနေပါပြီ။ မက်ဆီက မိသားစုနဲ့အတူ နေအိမ်မှာ ပြင်ဆင်ထားတဲ့ ခရစ္စမတ်သစ်ပင်မှာ ဓာတ်ပုံရိုက်ပြီး သူ့ရဲ့ တရားဝင် အင်စတာဂရမ် (Instagram) မှာ လွှင့်တင်ခဲ့ပါတယ်။

play

မက်ဆီက ကာလရှည် လက်တွဲခဲ့တဲ့ ချစ်သူ အန်တိုနီလာ ရိုကူဇိုနဲ့ သားနှစ်ဦး ရရှိထားပါတယ်။ မက်ဆီနဲ့ အန်တိုနီလာတို့ဟာ မွေးရပ်မြေ အတူတူဖြစ်ကြပြီး အန်တိုနီလာ အသက် ငါးနှစ်အရွယ်ကတည်းက သိကျွမ်းခဲ့တာ ဖြစ်ပါတယ်။ အန်တိုနီလာက မက်ဆီရဲ့ အရင်းနှီးဆုံး သူငယ်ချင်း ဂျက်ဆင်ဗီလ်လီ အာမက်ဒါ ကွင်းလယ် ကစားသမား လူးကက်စ် စကက်ဂ်လီယာနဲ့ ဝမ်းကွဲမောင်နှမ တော်စပ်ပါတယ်။

play

မက်ဆီရဲ့ သားအကြီး တီယာဂိုက ၃ နှစ်အရွယ်ဖြစ်ပြီး သားအငယ် မတ်တီအိုက တစ်နှစ် မပြည့်သေးပါဘူး။ ဘာစီလိုနာ အသင်းနဲ့အတူ အောင်မြင်မှုတွေ ရနေတဲ့ မက်ဆီဟာ ယခုနှစ်မှာလည်း ဖီဖာရဲ့ အကောင်းဆုံး ဘောလုံးသမားဆု (Ballon d'Or) အတွက် ဆန်ကာတင် စာရင်းမှာ ပါဝင်နေပါတယ်။

play

 

မက်ဆီဟာ ယခုနှစ် အကောင်းဆုံး ဘောလုံးသမားဆုကို အသင်းဖော်ဖြစ်တဲ့ နေမာ၊ ရီးရဲမက်ဒရစ်မှ ခရစ္စတီယာနို ရော်နယ်ဒိုတို့နဲ့အတူ ဆန်ကာတင် စာရင်းဝင်ခဲ့တာ ဖြစ်ပါတယ်။ ယခုနှစ် အကောင်းဆုံး ဘောလုံးသမားဆုကို မက်ဆီ ရရှိခဲ့မယ်ဆိုရင် ဒါဟာ သူ့ရဲ့ကစားသမား ဘဝမှာ ဒီဆုကို ငါးကြိမ်မြောက် ရယူနိုင်တာ ဖြစ်လာပါမယ်။  မက်ဆီက ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာအတွက် ၁၅ ပွဲ ကစားပြီး ၁၀ ဂိုး သွင်းယူထားပါတယ်။

Source: www.dailymail.co.uk
 and Photo: www.dailymail.co.uk , http://pikastar.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Sports

AD