Sports: သည်းထိတ်ရင်ဖို နိုင်ပွဲနဲ့အတူ မန်စီးတီး ထိပ်ဆုံးရောက်လာ

ကွင်းလယ်လူ ယာယာတိုယေးရဲ့ ဂိုးကံကောင်းမှုကတဆင့် စနေညပွဲစဉ်တွေ အပြီးမှာ မန်စီးတီးကတော့ အမှတ်ပေးဇယား ထိပ်ဆုံးကို ရောက်လာပြန်ပါပြီ။

play

 

ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ စနေည အစောပိုင်းပွဲစဉ်တွေ ကစားခဲ့ကြပြီးတဲ့နောက် မန်စီးတီးကတော့ ကံတရားရဲ့ ဖေးမမှုလို့ဆိုနိုင်တဲံ နောက်ဆုံးမိနစ်သွင်းဂိုးနဲ့ ဆွမ်ဆီးကအနိုင်ရသွားခဲ့တာပါတယ်။ တဖက်မှာခရစ္စတယ်ပဲလေ့စ်ကလည်း ဆောက်သမ်တန်ကို ကာဘာယီရဲတစ်လုံးတည်းသော ဂိုးနဲ့ နိုင်ခဲ့တာပါ။

play

 

အစောပိုင်းကစားခဲ့တဲ့ ဒီပွဲစဉ်ငါးပွဲမှာ အိမ်ရှင်အသင်းတွေ အနိုင်ရတာဆိုလို့ ဒီနှစ်သင်းပဲရှိခဲ့ပြီး ဝက်စ်ဟမ်း၊ ဆန်းဒါးလန်းနဲ့ နောဝှစ်ခ်ျတို့ကတော့ အိမ်ကွင်းမှာ နိုင်ပွဲနဲ့ လွဲခဲ့ရပါတယ်။ မန်စီးတီးကတော့ ဒီပွဲအနိုင်ကြောင့် အာဆင်နယ်နဲ့လက်စတာတို့ရဲ့ ပွဲစဉ်မတိုင်ခင်မှာ အမှတ်ပေးဇယားကို ဦးဆောင်သွားနိုင်ခဲ့ပါပြီ။

play

 

အဂူရိုမပါနိုင်သေးတဲ့ မန်စီးတီးတိုက်စစ်မှာ ဘိုနီကိုသာ အားထားခဲ့ရပါတယ်။ ပွဲချိန် ၂၆ မိနစ်ထဲက ထောင့်ကန်ဘောကတဆင့် ရတဲ့ဂိုးနဲ့ ပွဲကိုတစ်ချိန်လုံး ဦးဆောင်ခဲ့တာပါ။ ဒါပမေယ့်ပွဲချိန်မိနစ် ၉၀ အရောက်မှာ မထင်မှတ်တဲ့အနေအထားကနေ ဆွမ်ဆီးတိုက်စစ်မှူး ဂိုမစ်က အားပါတဲ့ကန်ချက်နဲ့ ဂိုးထောင့်ကို အပြင်းကန်သွင်းလိုက်လို့ ဆွမ်ဆီ ချေပဂိုး ရသွားပါတယ်။

မန်စီးတီး အမှတ်ဆုံးရှုံးပြီလို့ ထင်ခဲ့ပေမယ့် မိနစ်ပိုင်းမှာတင် ယာယာတိုယေးက ဂိုးဧရိယာထဲ ဆွဲလာပြီး ကန်လိုက်တဲ့ ကန်ချက်က လူထိပြီး လမ်းကြောင်းပြောင်းသွားလို့ ဂိုးရသွားပြန်ပါတယ်။

Source :www.skysports.com

Photos :www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ