Sports: တွစ်တာမှာ အကြီးအကျယ် အလှောင်ခံရတဲ့ မန်ယူ

တန်းဆင်းဇုန်နားက ဘုန်းမောက်ကို ရှုံးခဲ့တဲ့ပွဲမှာ နည်းပြဗန်ဟားလ်ရဲ့ လူစာရင်းကို ပရိသတ်တွေက အကြီးအကျယ် စိတ်ပျက်ခဲ့ကြတာပါ။

play

 

ဝုလ်ဘက်ရှုံးပြီး ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရတဲ့မန်ယူဟာ အခုလည်း ဘုန်းမောက်ကို ထပ်ရှုံးခဲ့လို့ အကြီးအကျယ် ဝေဖန်ခံနေရပါပြီ။ အထူးသဖြင့် ဘုန်းမောက်နဲ့ပွဲမှာ မန်ယူအသင်းရဲ့ တိုက်စစ်ဟာ ပြောစရာ အဖြစ်ဆုံး ဖြစ်ခဲ့တာပါ။

play

မန်ယူရဲ့ပွဲထွက်စာရင်းကို မြင်လိုက်ရပြီးနောက်

ဘုန်းမောက်နဲ့ပွဲမှာ နည်းပြဗန်ဟားလ်က စီနီယာနောက်ခံကစားသမားတွေအစား ဗယ်ရီလာ၊ ဘော့ဝှစ်ဂျက်ဆင် စတဲ့သူတွေကို ပွဲထုတ်ခဲ့တာပါ။ အထူးသဖြင့် ဒီအတွေ့အကြံနုနယ်တဲ့ ကစားသမားတွေကြောင့် ခံစစ်က ဖရိုဖရဲဖြစ်ရတာ ဆိုပြီး လူမှုကွန်ယက်မှာ ပရိသတ်တွေက လှောင်ကြပါတယ်။

play

 

ဘုန်းမောက်နဲ့ပွဲမှာ ပွဲထွက်ခဲ့တဲ့ မန်ယူနောက်တန်းဟာ ပျှမ်းမျှ အသက် ၂၁ နှစ်လောက်ပဲရှိပါတယ်။

play

ဗန်ဟားလ်အပေါ် နောက်ထပ်အယုံအကြည် မရှိတော့ဘူးလို့ ဝေဖန်ထားတဲ့ စာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ