Sports: သမီးလေး သေဆုံးခဲ့သော်လည်း မန်ယူနှင့်ပွဲတွင် ဘုန်းမောက် ကစားသမား အာတာ ဝင်ကစားခဲ့

မန်ယူနဲ့ပွဲမတိုင်ခင် ရက်ပိုင်းလောက် အလိုမှာ ဘုန်းမောက်ကစားသမား အာတာက သူ့သမီးလေးကို ဆှုံးရှုံးလိုက်ရပေမယ့် ပွဲကိုဆက်ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

play

 

မန်ယူအသင်းကို အနိုင်ရတဲ့ပွဲစဉ်မှာ ဘုန်းမောက်ကစားသမား အာတာက အကြေကွဲရဆုံး ဖြစ်ရပ်ကို ရင်ဆိုင်ထားရက်နဲ့ အသင်းအတွက် ကစားပေးခဲ့တာကြောင်း နည်းပြအက်ဒီဟောင်းက ချီးကျူးလိုက်ပါတယ်။ ဘုန်းမောက်ကစားသမား အာတီဟာ သူနဲ့သူ့ရဲ့မွေးကင်းစ သမီးငယ်လေးကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ဆုံးရှုံးထားတာပါ။

အာတာဟာ ကစားသမားပီသစွာ သူ့ရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းခဲ့တယ်လို့ မန်နေဂျာ ဟောင်းက ပြောပါတယ်။ အဲဒီပွဲစဉ်မှာ အာတာက ပွဲချိန် ၈၆ မိနစ်အထိ ကစားခဲ့ပြီးနောက် အဝါကတ်ထိပြီး နှစ်မိနစ်အကြာမှာ နည်းပြဟောင်းက လူစားလဲလိုက်ပါတယ်။ လူစားလဲလိုက်တဲ့အချိန်မှာ အာတာဟာ မျက်ရည်ကျလု နီးနီး ဖြစ်ခဲ့ပါသေးတယ်။

play

အာတာ အဝါကတ် ပြခံရစဉ်

ဘုန်းမောက်အသင်းဟာ ပြီးခဲ့တဲ့တပတ်ကလည်း ချယ်လ်ဆီးအသင်းကို တစ်လုံးတည်းသောဂိုးနဲ့ ကပ်နိုင်ခဲ့ပါသေးတယ်။ “အာတာအတွက် တကယ်ခံစားရတဲ့ အချိန်ပါပဲ။ ဒါပေမယ့် သူဟာ သိက္ခာရှိရှိနဲ့ သူ့ကိုယ်သူ ထိန်းနိုင်ခဲ့တယ်။ ကျွန်တော်ပြောတဲ့ စကားတွေက သူ့ကိုဂုဏ်ပြုချီးကျူးဖို့ မလုံလောက်ပါဘူး” လို့ ပွဲအပြီးမှာ နည်းပြအက်ဒီဟောင်းက ပြောခဲ့ပါတယ်။

Source :www.givemesports.com

Photos :www.bbc.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ