Sports: ချယ်လ်ဆီးမှာ ခြေစွမ်း ကျနေသူ လေးဦး ရှိတယ်လို့ မော်ရင်ဟို ထုတ်ပြော

မနှစ်က ခြေစွမ်းပြခဲ့ပေမယ့် ဒီရာသီ ခြေစွမ်းကျဆင်းနေသူ လေးဦးရှိယ်လို့ မော်ရင်ဟိုက ထုတ်ပြာထားပါတယ်။

play

 

ဒီနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီအသင်း ရလဒ်တွေမကောင်း ဖြစ်နေခဲ့ပြီးတဲ့နောက် အသင်းမှာ ပုံမှန်ခြေစွမ်း ရှိမနေတဲ့ ကစားသမားလေးဦးရဲ့နာမည်ကို နည်းပြမော်ရင်ဟိုက ထုတ်ပြောလိုက်ပါပြီ။ အသင်းရဲ့ ကွင်းလယ်ကို မောင်းနှင်ရပြီး တိုက်စ်မှူးတွေအတွက် ဂိုးဖန်တီးပေးဖို့ တာဝန်ယူရတဲ့ ဖာဘရီဂတ်စ်ရဲ့ ခြေစွမ်းကျဆင်းမှုက အသင်းရဲ့ အဓိကထိုးနှက်ချက်ဖြစ်ကြောင်း မော်ရင်ဟိုက ပြောပါတယ်။

play

 

ဖာဘရီဂတ်စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဂိုးဖန်တီးပေးမှု အများဆုံးထဲက ကွင်းလယ်ကစားသမား တစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ စွမ်းဆောင်ရည် အတော်လေးကျဆင်းနေတာပါ။ ဖာဘရီဂတ်စ်လိုပဲ နောက်ထပ် ခြေစွမ်းကျနေတဲ့ ကစားသမားတွေကတော့ အသင်းခေါင်းဆောင်ဂျွန်တယ်ရီ၊ အိုင်ဗန်နိုဗစ်ခ်ျနဲ့ ဂယ်ရီကာဟေးလ်တို့ ဖြစ်တယ်လို့ မော်ရင်ဟိုက ဆိုပါတယ်။

play

 

ဒါပေမယ့် မနှစ်ကလို ဂိုးတွေမသွင်းနိုင်တော့တဲ့ အီဒင်ဟာဇက်ကို ထည့်မပြောသွားပါဘူး။ ဆက်စ်ဖာဘရီဂတ်အနေနဲ့ကတော့ ခြေစွမ်းကဆင်းနေသည့်တိုင်အောင် လုပ်စရာရှိတာကို အကောင်းဆုံး ကြိုးစားနေတာ သူတွေ့မြင်နေရတယ်လို့ မော်ရင်ဟိုက ပြောပါတယ်။

Source :www.goal.com

Photos :www.dailymial.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ