Sports: ဟာနန်ဒက်ဇ် သွင်းဂိုးက မန်ယူ တိုက်စစ်မှူးတွေထက် ပိုများ

ဟာနန်ဒက်ဇ်ကို အသင်းမှာဆက်မထားပဲ ရောင်းချလိုက်တဲ့ မန်ယူရဲ့လုပ်ရပ်က မှားယွင်းကြောင်း အခုချိန်မှာ ပိုပြီးထင်ရှားလာပါတယ်။

play

 

လေဗာကူဆင်အသင်းတိုက်စစ်မှူး ဟာနန်ဒက်ဇ်ဟာ စနေညပွဲစဉ်မှာ ဟက်ထရစ်သွင်းယူခဲ့ပြီးတဲ့နောက် နောက်ဆုံး ၁၂ ပွဲမှာ ၁၅ ဂိုးသွင်းယူထားတဲ့ ကစားသမား ဖြစ်လာခဲ့ပါပြီ။ ဒါဟာ ပြိုင်ပွဲစုံပါ။

ဘွန်ဒက်စ်လီဂါမှာတော့ ဟာနန်ဒက်ဇ်ရဲ့ သွင်းဂိုးက ၁၀ ဂိုးအထိ ရှိလာခဲ့ပါပြီ။ မန်ယူက တန်းဆင်းဇုန်းနားက ဘုန်းမောက်ကို ရှုံးနိမ့်သွားချိန်မှာ လေဗာကူဆင်ကတော့ ဟာနန်ဒက်ဇ်ရဲ့ဟက်ထရစ်သွင်းဂိုးနဲ့ မိုချန်ဂလာဘက်ကို အနိုင်ယူခဲ့တာဖြစ်ပါတယ်။

play

 

ဟာနန်ဒက်ဇ်က ဘွန်ဒက်စ်လီဂါမှာဒီရာသီ ဆယ်ဂိုးသွင်းထားတဲ့ အချိန်မှာ မန်ယူတိုက်စစ်ကစားသမား လေးဦးပေါင်းရဲ့ သွင်းဂိုးက ၁၁ ဂိုးသာရှိနေတာဖြစ်ပါတယ်။ ဒီရာသီမှာ မာတာက လေးဂိုး၊ မာရှယ်က သုံးဂိုးသွင်းထားကာ ရွန်နေးနဲ့ဒီပေးက နှစ်ဂိုးစီသာ သွင်းထားတာကြောင့် လေးယောက်ပေါင်းမှ ၁၁ ဂိုးပဲ ရပါသေးတယ်။

play

 

ဟာနန်ဒက်ဇ်ကို အသင်းမှာာဆက်မထားပဲ လက်လွှတ်ခဲ့တဲ့ မန်ယူရဲ့အမှားဟာ ပိုပြီး သိသာ ထင်ရှားလာခဲ့ပါတယ်။

Source & Photos :www.goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ