Sports: အာဆင်နယ် နိုင်ပွဲရပြီး အမှတ်ပေး ဇယားကို ဦးဆောင်

, updated

အာဆင်နယ်က အဝေးကွင်းမှာ အက်စတွန်ဗီလာကို နိုင်ပြီးနောက် အမှတ်ပေးဇယား နံပတ်တစ်နေရာကို ရောက်လာပါပြီ။

 

အက်စတွန်ဗီလာအသင်း အိမ်ကွင်းမှာ သွားရောက်ကစားခဲ့တဲ့ အာဆင်နယ်က ပထမပိုင်းသွင်းဂိုးတွေနဲ့တင် အနိုင်ရပြီး အမှတ်ပေးဇယားမှာ ထိပ်ဆုံးကို ရောက်လာပြီဖြစ်ပါတယ်။ လက်စတာနဲ့ ချယ်လ်ဆီးပွဲ မတိုင်ခင်အထိ အာဆင်နယ်က အမှတ်ပေးဇယားကို ဦးဆောင်နေမှာဖြစ်ပါတယ်။

 

ဒဏ်ရာပြဿနာတွေရှိနေတဲ့အာဆင်နယ်က တိုက်စစ်မှာ ဂျိုယေးကမ်းဘဲ၊ ဂျီရော့ဒ်၊ ဝဲလ်ကော့နဲ့ အိုဇေးတို့ကို ထည့်သွင်း ကစားခဲ့ပါတယ်။ ပွဲစပြီ ၈ မိနစ်အရောက်မှာတင် အာဆင်နယ်က ပင်နယ်တီရသွားပါတယ်။ ဂိုးဧရိယာထဲ ဝင်လာတဲ့ ဝဲလ်ကော့ကို ဗီလာနောက်ခံလူ ဖျက်တာ ကြမ်းသွားလို့ ပင်နယ်တီ ပေးလိုက်ရပါတယ်။ ဒီပင်နယ်တီကို ဂျီရော့ဒ်က အမှားအယွင်းမရှိသွင်းယူလို့ အာဆင်နယ် ဦးဆောင်ဂိုး ရသွားပါတယ်။

ဂျီရော့ဒ်သွင်းခဲ့တဲ့ ပင်နယ်တီ

ဒုတိယဂိုးကိုတော့ ၃၈ မိနစ်မှာ ထပ်ရသွားတာပါ။ ဗီလာက အာဆင်နယ်ကို တိုက်စစ်ဆင်နေတုန်း တန်ပြန်တိုက်စစ်ကတစ်ဆင့် အာဆင်နယ် ဂိုးရသွားတာပါ။ ဝဲလ်ကော့က ရလာတဲ့ဘောလုံးကို အိုဇေးရဲ့ ပြေးလမ်းကြောင်းထဲ ချပေးလိုက်တာဖြစ်ပါတယ်။ အိုဇေးက ဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့ပြီး ကန်လို့ ရပေမဲ့ ပိုပြီးသေချာတဲ့ ရမ်းဆေးကို ဖန်တီးပေးလိုက်လို့ ဒုတိယဂိုး ထပ်ရ သွားပါတယ်။

ရမ်ဆေးရဲ့ဂိုး

အက်စတွန်ဗီလာကတော့ ဒီပွဲလည်း အမှတ်ထပ်မရခဲ့ဘဲ အမှတ်ပေးဇယားကြမ်းပြင်မှာ ဆက်ပြီးရပ်တည်နေရ ဆဲပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ