Sports: ၂၀၁၆ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲအကြို ကွင်းဖွင့်ဖလား ကျင်းပမည်

၂၀၁၆ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ မတိုင်ခင် ရန်ကုန်နှင့် ဧရာဝတီအသင်းတို့၏ အားပြိုင်မှုကို မြင်တွေ့ရမည့် အခွင့်အရေးဖြစ်သည်။

play

 

၂၀၁၆ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲအကြို ကွင်းဖွင့်ဖလား (သို့မဟုတ်) ရန်ပုံငွေဖလား ဗိုလ်လုပွဲကို ဇန်နဝါရီ (၃) ရက်နေ့ ၊ ညနေ (၄) နာရီတွင် သုဝဏ္ဏကွင်း၌ ကျင်းပသွားမည်ဖြစ်သည်။

အမှတ်ပေးချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက် ဖလားချန်ပီယံ ဧရာဝတီယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်မည့် ယင်းပြိုင်ပွဲအတွက် ကွင်းဝင်ကြေးကို အထူးတန်းကျပ် ၁,၀၀၀ နှင့် ရိုးရိုးတန်း ကျပ် (၅၀၀) သတ် မှတ်ထားပြီး ရရှိလာသည့် ကွင်းဝင်ကြေးများနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ကလပ် အသင်းပိုင်ရှင်များ  စုပေါင်းလှူ ဒါန်းသည့် ငွေကြေးများကို မိဘမဲ့ ပရဟိတကျောင်းများသို့ လှူဒါန်းသွားမည်ဖြစ်သည်။

play

 

ဧရာဝတီယူနိုက်တက်အသင်းသည် ၂၀၁၅ ကွင်းဖွင့်ဖလားပြိုင်ပွဲ၏ လက်ရှိချန်ပီယံအသင်းဖြစ်ကာ ဇန်နဝါရီ (၉) ရက်၌ စတင် ကျင်းပမည့် ၂၀၁၆ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ မတိုင်ခင် ရန်ကုန်နှင့် ဧရာဝတီအသင်းတို့၏ အားပြိုင်မှုကို မြင်တွေ့ရမည့် အခွင့်အရေးဖြစ်သည်။

 

Photo: AUFC Facebook, YUFC Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ