Sports: ထွန်းထွန်းမင်းနှင့် ဆိုင်းရပ်စ်တို့ပွဲအား ပွဲအပြီး ပြန်လည် ထုတ်လွှင့်ပြသမည်

မြန်မာ့ရိုးရာလက်ဝှေ့စည်းမျဉ်းအတိုင်းသာ ယှဉ်ပြိုင်မည်ဖြစ်ပြီး (၅) ချီပြည့်သည်အထိ အလဲထိုးနိုင်ခြင်းမရှိပါက ပူးတွဲသရေအဖြစ်သာ သတ်မှတ်မည်ဖြစ်သည်။

play

 

ယခုလ (၂၀) ရက်နေ့၊ ရန်ကုန်မြို့တွင် ကျင်းပမည့် မြန်မာ့လက်ဝှေ့ချန် ပီယံ ထွန်းထွန်းမင်းနှင့် အမေရိ ကန်လက်ဝှေ့ချန်ပီယံ ဆိုင်းရပ်စ်တို့၏ မကျေပွဲကို လက်ဝှေ့ပွဲပြီးဆုံးပြီး (၁)နာရီအကြာတွင် Sky Net ရုပ်သံလိုင်းမှ ပြန်လည်ထုတ်လွှင့်မည်ဖြစ်သည်။

play

 

၎င်းတို့သည် ၂၀၁၄ ခုနှစ် ၊ ဒီဇင်ဘာလက (၁) ကြိမ်၊ ၂၀၁၅ခုနှစ် ၊  ဧပြီလက (၁) ကြိမ် စုစုပေါင်း (၂) ကြိမ်ယှဉ်ပြိုင်ခဲ့ဖူးကာ (၁)ကြိမ်စီ အနိုင်ရရှိထားသည့်အတွက် ယခုထိုးမည့်ပွဲစဉ်သည် အဆုံးအဖြတ်ပွဲ ဖြစ်လာမည်။

play

 

အဆိုပါပွဲစဉ်တွင် မြန်မာ့ရိုးရာလက်ဝှေ့စည်းမျဉ်းအတိုင်းသာ ယှဉ်ပြိုင်မည်ဖြစ်ပြီး (၅)ချီပြည့်သည်အထိ အလဲထိုးနိုင်ခြင်းမရှိ ပါက ပူးတွဲသရေအဖြစ်သာ သတ်မှတ်မည်ဖြစ်သည်။

 

Photo:  www.myanmarletwhayassociation.com, www.myanmore.com, www.sports.vice.com  

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ