Sports: ချန်ပီယံလိဂ်မှာ အာဆင်နယ်နဲ့ ဘာစီလိုနာ တွေ့ကြပြီ

ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်မှာ သမိုင်းကြောင်း ကောင်းကောင်းရှိခဲ့ဖူးတဲ့ အာဆင်နယ်က ဒီတစ်ခေါက် ပြန်တွေ့ကြပါပြီ။

play

 

ဟိုအရင်ကလည်း ဒီလိုတွေ့ခဲ့ကြဖူးပါတယ်။

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ရှုံးထွက်ပြိုင်ပွဲတွေအတွက် မဲခွဲပွဲကို ဆွစ်ဇာလန်မှာ ပြုလုပ်ခဲ့ပြီးတဲ့နောက် နောက်ဆုံး ပွဲစဉ်ဇယားတွေ ထွက်လာခဲ့ပါပြီ။ စိတ်ဝင်စားစရာ အကောင်းဆုံး ပွဲစဉ်ကတော့ လက်ရှိ ပရီးမီးယားလိဂ်ကို ဦးဆောင်နေတဲ့ အာဆင်နယ်နဲ့ ဘာစီလိုနာ တွေ့မယ့်ပွဲစဉ် ဖြစ်ပါတယ်။

play

 

ဘာစီလိုနာဟာ လက်ရှိချန်ပီယံလည်း ဖြစ်တဲ့အပြင် လက်ရှိအင်အားအတောင့်တင်းဆုံး အသင်းထဲက တစ်သင်းလည်း ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကတော့ အီတလီထိပ်သီးအသင်း ရိုးမားနဲ့ တွေ့ဆုံရမှပါ။ ချန်ပီယံလိဂ် နှစ်ကြိမ်ရယူထားတဲ့ မော်ရင်ဟိုက ချယ်လ်ဆီးနဲ့အတူ ပြင်သစ်ထိပ်တန်းကလပ် ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

play

 

ပီအက်စ်ဂျီအသင်း ချန်ပီယံလိဂ်မှာ ချယ်လ်ဆီးကို ဖြုတ်ချခဲ့ဖူးတဲ့ အသင်းပါ။ ဂွါဒီယိုလာရဲ့ ဘိုင်ယန်မြူးနစ်ကတော့ အီတလီကလပ် ဂျူဗင်တပ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဘင်ဖီကာက ဇင်းနစ် အသင်းနဲ့ တွေ့ရမှာဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ် မန်စီးတီးကတော့ ဒိုင်နမိုကိဗ်နဲ့ တွေ့ရတော့မှာပါ။

Source : www.uefa.com

Photos : www.dailymial.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ