Sports: ယူရိုပါလိဂ်မှာ မန်ယူက ဒိန်းမတ် ချန်ပီယံနဲ့ တွေ့ရမည်

မန်ယူကတော့ ပရိသတ်တွေနဲ့ အနည်းငယ် အစိမ်းသက်သက်ဖြစ်နေတဲ့ ဒိန်းမတ် အမှတ်ပေး ချန်ပီယံ အသင်းနဲ့ တွေ့ရတော့မှာပါ။

play

 

ယူရိုပါလိဂ် ၃၂ သင်းရှုံးထွက်အဆင့် ပွဲစဉ်တွေကို မဲနှိုက်ရေးဆွဲခဲ့ပြီးတဲ့နောက် ပွဲစဉ် ၁၆ ပွဲထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ပြုတ်လို့ ယူရိုပါလိဂ်ကို ဆင်းကန်ရတဲ့ မန်ယူက ဒိန်းမတ် ကလပ် မစ်ဂျီလန်းဆိုတဲ့ အသင်းနဲ့ ရင်ဆိုင်ရမှာပါ။

မစ်ဂျီလန်းဆိုတာ မန်ယူပရိသတ်တွေနဲ့ ဥရောပဘောလုံးပရိသတ်တွေအတွက် အနည်းငယ် အစိမ်းသက်သက် ဖြစ်နေသေးပေမယ့် ဒိန်းမတ်အမှတ်ပေး ချန်ပီယံဖြစ်ပါတယ်။ လီဗာပူးနည်းပြ ဂျာဂန်ကလော့ကတော့ သူလာခဲ့တဲ့ ဂျာမနီကိုပဲ ပြန်သွားရတော့မှာ။ လီဗာပူးက ဂျာမန်ကလပ် အော့စ်ဘတ်နဲ့ တွေ့ပြီ ဖြစ်ပါတယ်။

play

စပါးအသင်းက ဖီအိုရင်တီးနားနဲ့ တွေ့ရမှာပါ

လက်ရှိယူရိုပါလိဂ်ကစားရတဲ့ အင်္ဂလန်အသင်းတွေထဲမှာ စပါးက ပွဲအကျပ်ဆုံးလို့ ဆိုနိုင်ပါတယ်။ အီတလီမှာ ခြေစွာနေတဲ့ ဖီအိုရင်တီးနားနဲ့ တွေ့ရမှာ ဖြစ်လို့ပါ။ မန်ယူနဲ့ရင်ဆိုင်ရမယ့် မစ်ဂျီန်းဟာ သိပ်ကို သက်တမ်းနုပါသေးတယ်။ မန်ယူအသင်း ဖလားသုံးလုံးရတဲ့ ၁၉၉၉ ခုနှစ်ဟာ မစ်ဂျီလန်းအသင်း စတင် တည်ထောင်တဲ့ နှစ်ဖြစ်ပါတယ်။

play

 

ပွဲစဉ် အပြည့်အစုံကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

မစ်ဂျီလန်း-မန်ယူ

စိန့်အက်တီယန်-ဘေဆယ်လ်

ဂါလာတာစာရေး - လာဇီယို

ဖီနာဘာချီ-လိုကိုမိုးတစ်မော်စကို

ဆီယွန်-ဘရာဂါ

ဒေါ့မွန် - ပေါ်တို

အော့စ်ဘတ် - လီဗာပူး

ဗီလာရီးယဲလ်-နာပိုလီ

မာဆေးလ်-ဘီလ်ဘာအို

အန်ဒါလက် - အိုလံပီယာကို့စ်

စပါတာပရပ်ဂ် - ခရက်စ်နိုဒါ

စပို့တင်းလစ္စဘွန်း - လေဗာကူဆင်

ဖီအိုရင်တီးနား - စပါး

ရှက်တာဒိုးနက်  -ရှော်လ်ကေး

ဆီဗီလာ - မိုလ်ဒီ

ဗလင်စီယာ - ရက်ပစ်ဗီယန်နာ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ