Sports: ဘာစီလိုနာနဲ့ တွေ့လို့ အာဆင်နယ် လူမှုကွန်ယက်မှာ အလှောင်ခံရ

ဘာစီလိုနာနဲ့တွေ့တိုင်း ရလဒ်ကောင်းလေ့မရှိတဲ့ အာဆင်နယ်ကို ဘောလုံးပရိသတ်အချို့က လူမှုကွန်ယက်တွေမှာ လှောင်နေကြတာပါ။

play

 

ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်မှာ အာဆင်နယ်က ဘာစီလိုနာနဲ့ တွေ့ရမယ်လို့ ပွဲစဉ်ဇယား ထွက်လာပြီးနောက် အာဆင်နယ်ကို ဆိုရှယ်မီဒီယာ အသုံးပြုသူတွေက လှောင်ပြောင်ကြပါတယ်။ မကန်ရသေးတဲ့ ဘောလုံးပွဲတစ်ပွဲကို ဘာဖြစ်လာမယ်ဆိုတာ ပြောမရပေမယ့် အစဉ်အလာအရ အာဆင်နယ်က ဘာစီလိုနာနဲ့တွေ့ရင် ပြိုင်ပွဲက ထွက်သွားရတာချည်း ဖြစ်လို့ အာဆင်နယ်ကို ပရိသတ်အချို့က လှောင်ပြောင်ကြတာ ဖြစ်ပါတယ်။

၂၀၀၉-၁၀ နဲ့ ၂၀၁၀-၁၁ ပြိုင်ပွဲတွေမှာ အာဆင်နယ်က ဘာစီလိုနာနဲ့ တွေ့ပြီး ပြိုင်ပွဲက ထွက်ခဲ့ရတဲ့အပြင် ၂၀၀၆ ဗိုလ်လုပွဲတုန်းကလည်း အာဆင်နယ် ရှုံးထားပါသေးတယ်။

play
play
နည်းပြအာစင်ဝင်းဂါးတော့ ခြေချော်ပြီဆိုပြီး ဟာသ လုပ်ထားတာပါ
play
ဘာစီလိုနာကလည်း ဒီလိုတင်ထားပါတယ်
play
play
နည်းပြနှစ်ဦး ဒီလို ဟားတိုက်ခံရထားရတာပါ

Source : mirror

Photos : twitter

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ