Sports: ၂၀၁၆ အာရှ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်း ဒုတိယအဆင့်မှ ဝင်ရောက်ယှဉ်ပြိုင်မည်

ဒုတိယအဆင့်၌ ထိုင်း ပရီးမီးယားကလပ်တွင် အဆင့် (၃) ရရှိထားသည့် ဆူဖန်ဘူရီအသင်းနှင့် ထိပ်တိုက်တွေ့ဆုံနေသည်။

play

 

၂၀၁၆ အာရှ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် မြန်မာလိဂ်အမှတ်ပေးပြိုင်ပွဲ ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းသည် ဒုတိယအဆင့်မှ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ထိုင်း ပရီးမီးယားကလပ်တွင် အဆင့် (၃) ရရှိထားသည့် ဆူဖန်ဘူရီအသင်းနှင့် ထိပ်တိုက်တွေ့ဆုံနေသည်။

play

 

အဆိုပါပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ပထမအဆင့် ခြေစစ်ပွဲမှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း ဖီဖာက အင်ဒိုနီးရှားနိုင်ငံကို နိုင်ငံတကာပြိုင်ပွဲများ ကစားခွင့်ပိတ်ထားသဖြင့် ယင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိခြင်းကြောင့် အောက်ဆုံး (၄) သင်းမှ အမှတ်အမြင့်ဆုံး ရန်ကုန်အသင်းက ဒုတိယအဆင့်မှ စတင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။

Photo: www.ygnutd.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ