Sports: လက်စတာ ချန်ပီယံ ဖြစ်နိုင်တဲ့ အကြောင်းပြချက် (၅) ခု

လက်စတာအသင်း ဒီနှစ်ပရီးမီးယားလိဂ်မှာ ဘာကြောင့် ချန်ပီယံဖြစ်နိုင်လဲ ဆိုတဲ့ လက်တွေ့ကျကျ အကြောင်းပြချက် ၅ ခု ဖြစ်ပါတယ်။

play

 

ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ နောက်ဆုံးပွဲစဉ်မှာ လက်စတာစီးတီးအသင်းက ချယ်လ်ဆီးကို အနိုင်ယူလိုက်ပြီးတဲ့နောက် အမှတ်ပေးဇယားကို ပြန်ဦးဆောင်လိုက်ပါပြီ။ ချယ်လ်ဆီးကိုပါ အနိုင်ယူပြီးတဲ့နောက် မှာတော့ လက်စတာဟာ ဒီနှစ် တကယ်ပဲ ချန်ပီယံ ဖြစ်နိုင်သလားဆိုတာမျိုးကို  လက်တွေ့ကျကျစဉ်းစားဖို့ အချိန်ရောက်လာပါပြီ။

ဒီနှစ်ပရီးမီးယားလိဂ်မှာ လက်စတာအသင်း ဘာကြောင့် ချန်ပီယံဖြစ်နိုင်သလဲဆိုတာ အကြောင်းပြချက် ငါးခုကတော့ အောက်ပါအတိုင်းဖြစ်ပါ။

၁။ အန်ဂိုလိုနှင့် ဒရင်းကင်းဝါးတား

play

 

လက်စတာဆိုရင် ဂိုးတွေဆက်တိုက်သွင်းကြတဲ့ မာရက်ဇ်နဲ့ ဗာဒီတို့ကိုသာ ပြေးမြင်ကြမှာပါ။ ဒါပေမယ့် ကွင်းလယ်မှာ အကောင်းဆုံး ပံ့ပိုးနေတဲ့ အန်ဂိုလိုရယ် ဒရင်းကင်းဝါးတားဆိုတဲ့ ခပ်ဆန်းဆန်းနာမည် ပိုင်ဆိုင်ထားတဲ့ ကစားသမားနှစ်ဦးကိုလည်း မေ့ထားလို့ မရပါဘူး။ ဒီကစားသမားနှစ်ဦး ခြေမပျက်သရွေ့ လက်စတာအသင်း ချန်ပီယံ ဖြစ်နိုင်ပါသေးတယ်။

၂။ အသင်းနှင့် ကစားကွက် အံ့ဝင်ခြင်း

လက်ရှိ လက်စတာရဲ့ ကစားကွက်နဲ့ ကစားသမားတွေဟာ အံ့အဝင်ဆုံးလို့ ဆိုနိုင်ပါတယ်။ ပွဲတိုင်မှာ လက်စတာရဲ့ တိုက်စစ်ဆင်မှုက အသင်းကြီး အသင်းငယ်မရွေးပါဘူး။ မန်ယူကိုသရေကစားပြီး ချယ်လ်ဆီး နိုင်လိုက်တာကလည်း လက်စတာရဲ့ တည်ငြိမ်တဲ့ ခြေစွမ်းကို ပြလိုက်သလိုပါပဲ။

play

 

၃။ ခံစစ်တည်ငြိမ်လာခြင်း

နောက်ဆုံကစားခဲ့တဲ့ ခြောက်ပွဲမှာလက်စတာက တစ်ပွဲကို အများဆုံး တစ်ဂိုးဆီပဲ ပေးခဲ့ရပါတယ်။ ဂိုမပေးရတဲ့ ပွဲက နှစ်ပွဲရှိပါတယ်။ ခံစစ်တည်ငြိမ်လာပြီး တိုက်စစ်က အရင်အတိုင်း ဆက်ကောင်းနေတာက လက်စတာ ချန်ပီယံ ဖြစ်နိုင်မယ့် အကြောင်းပြချက် တစ်ခုပါ။

၎။ ဇန်နဝါရီတွင် လူဝယ်နိုင်ခြင်း

လက်စတာက ပြည့်စုံတဲ့ အသင်းတော့ မဟုတ်သေးပါဘူး။ ဒါပေမယ့် ဇန်နဝါရီမှာ သင့်တော်တဲ့ လူအင်အား ထပ်ဖြည့်လိုက်ရင် ဖလားလမ်းကြောင်းပေါ်မှာ ဆက်ရှိနေနိုင်ပါတယ်။

play

 

၅။ အသင်းကြီးများ ခြေမမှန်ခြင်း

ချယ်လ်ဆီးကို ချန်ပီယံစာရင်းထဲက ထုတ်ထားလို့ ရနေပါပြီ။ ဒီနှစ်ဖလားမှန်းနိုင်တာ မန်စီးတီး၊ အာဆင်နယ်နဲ့ မန်ယူ ဒီသုံးသင်းသာရှိပါတယ်။ ဒီသုံးသင်းကလည်း အခု ဥရောပပြိုင်ပွဲတွေနဲ့ အလုပ်ရှုပ်ကြဦးမှာပါ။ လက်စတာကတော့ ပရီးမီးယားလိဂ် တစ်ခုတည်းသာ အာရုံစိုက်လို့ ရပါတယ်။ ဒါက လက်စတာရဲ့ အားသာချက်ပါ။

Source : betting.betfair

Photos : dailymail, premierleague,

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ