AD
AD
AD
play

 

လက်စတာကို ရှုံးနိမ့်သွားတဲ့ ပွဲစဉ်မှာ ချယ်လ်ဆီးကစားသမားတွေက မိမိကို သစ္စာဖောက် သွားတယ်လို့ အသင်းမန်နေဂျာ မော်ရင်ဟိုက ပြောလိုက်ပါတယ်။ ပွဲစဉ် ကစားနေစဉ် အချိန်အတွင်းမှာ မိမိရဲ့ ညွှန်ကြားချက်တွေကို ကစားသမားတွေ လိုက်နာမှု မရှိခဲ့ဘူးလို့ မော်ရင်ဟိုက ဆိုတာပါ။

play

 

ချယ်လ်ဆီးကစားသမားတွေက မနှစ်က အောင်ပွဲခံခဲ့တဲ့အပေါ် သာယာနေကြတုန်းပဲ ဆိုပြီး မော်ရင်ဟိုက စကားနာထိုးပါတယ်။ “ပွဲကစားနေတဲ့ အချိန်အတွင်းမှာ ပြိုင်ဘက်ကစားသမားတွေရဲ့ အခြေအနေကို တစ်ယောက်မကျန် ကျွန်တော်အကဲခပ်နိုင်တယ်။ နှစ်ဂိုးပေးခဲ့ရတယ်ဆိုတာ လက်မခံနိုင်စရာပါပဲ။ ကျွန်တော့်ကို သစ္စာဖောက်သွားသလို ခံစားရတယ်” ဆိုပြီး မော်ရင်ဟိုက ဝန်ခံပါတယ်။

ချယ်လ်ဆီးဟာ လက်စတာကို ရှုံးသွားတဲ့အတွက်အဆင့် ၁၆ နေရာမှာ ရပ်တည်နေရပြီး လက်စတာက အဆင့် ၁ နေရာ ရောက်သွားပါတယ်။

Source :goal

Photos : dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD