Sports: ပေးဂိုးမရှိစံချိန်တင်တဲ့ ပီတာဆက်ခ်ျကို ဇနီးဖြစ်သူ ဂုဏ်ပြု

ပီတာဆက်ခ်ျက ပရီးမီးယားလိဂ်မှာ ၁၆၉ ပွဲပေးဂိုးမရှိ စံချိန် ရသွားပြီ ဖြစ်ပါတယ်။

play

 

ပရီးမီးယားလိဂ် ပြိုင်ပွဲတွေမှာ ၁၆၉ ပွဲပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ဂိုးသမား ပီတာဆက်ခ်ျကို သူ့ရဲ့ဇနီးဖြစ်သူက ဂုဏ်ပြုလိုက်ပါတယ်။ အဲဒီစံချိန်ဟာ အရင်တုန်းက ဂိုးသမား ဒေးဗစ်ဂျိမ်းစ်ရဲ့ စံချိန်ကို လိုက်မီသွားတာလည်း ဖြစ်ပါတယ်။

အာဆင်နယ်က ဗီလာအသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရပြီးတဲ့အခါမှာ ဒီစံချိန်ရသွားတာပါ။ ပီတာဆက်ခ်ျရဲ့ ဇနီးဖြစ်သူက ၁၆၉ ဆိုတဲ့နံပတ်ကို ရေးသားထားတဲ့ ပီတာဆက်ခ်ျပုံတူ မုန့်တစ်ခု လုပ်ပြီး ဂုဏ်ပြုခဲ့တာပါ။ ဒီရာသီမှာ အာဆင်နယ်ခံစစ်က ပေးဂိုးမပေးရတာ ခုနှစ်ပွဲ ရှိသွားပြီ ဖြစ်ပါတယ်။

play

 

အာဆင်နယ်ကစားသမား ဝဲလ်ကော့ကတော့ ပီတာဆက်ခ်ျရောက်လာပြီနောက်ပိုင်း အာဆင်နယ်နောက်တန်းဟာ လုံးဝပြောင်းလဲသွားတယ်လို့ ချီးကျူးထားပါတယ်။ ပီတာဆက်ခ်ျက ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ချယ်လ်ဆီးကနေ အာဆင်နယ်ကို ပေါင် ၁၁ သန်းနဲ့ ရောက်လာတာပါ။

Source & Photos : dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ