Sports: ဘောလုံးအသင်း ဒါရိုက်တာ ဖြစ်လာတဲ့ အပြာကား မင်းသမီး

အပြာကားမင်းသမီးအဖြစ် နာမည်ကြီးခဲ့သူဟာ အခုတော့ အီတလီဘောလုံးအသင်းရဲ့ စီမံခန့်ခွဲသူ ဖြစ်လာပါပြီ။

play

 

အီတလီဘောလုံးကလပ်အသင်းဖြစ်တဲ့ မာရူဗီယမ်က အသင်းရဲ့ ပုံရိတ်ကို မြှင့်တင်ဖို့အတွက် အစီအစဉ်အသစ်တစ်ခု လုပ်လိုက်ပါတယ်။ အဲဒါကတော့ အပြာကားမင်းသမီးတစ်ဦးဖြစ်တဲ့ ဆာရာတိုမက်ဆီကို အသင်းဒါရိုက်တာအဖြစ် ခန့်အပ်လိုက်ခြင်း ဖြစ်ပါတယ်။

play

 

တိုမက်ဆီဟာ အရင်တုန်းက ရော်နယ်ဒိုဟိုနဲ့လည်း တွဲဖူးသလို ဘာလော့တယ်လီနဲ့လည်း တွဲခုတ်ခဲ့ဖူးတယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။ အမှန်တော့ မာရူဗီယမ်ဘောလုံးအသင်းက အပျော်တမ်း ကလပ်သာဖြစ်ပါတယ်။ အောင်မြင်မှုလည်း များများစားစား မရသေးပါဘူး။

play

 

အဲဒါကြောင့် ကလပ်အသင်းပိုပြီးနာမည်ကြီးကာ ပရိသတ်ထောက်ခံမှု ပိုရလာဖို့ ဒီအစီအစဉ်ကို လုပ်ခဲ့တာပါ။ တိုမက်ဆီကလည်း ၁၈ နှစ်အထက် ကြည့်ကြတဲ့ အပြာကားလောကမှာ နာမည်ကြီး porn star တစ်ဦးပါ။ ကလပ်အသင်းရဲ့ အစီအစဉ် အလုပ်ဖြစ်မဖြစ် ဆိုတာ ဆက်စောင့်ကြည့်ရမှာပါ။

Source : sportbible

Photos : 101greatgoals

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ