Sports: ၂၀၁၅ အတွက် အကောင်းဆုံးတိုက်စစ်မှူး (၁၀) ဦး

၂၀၁၅ ခုနှစ်အတွင်း ကလပ်အသင်းနဲ့ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် အကောင်းဆုံး ဖြစ်ခဲ့တဲ့ တိုက်စစ်မှူး ၁၀ ဦးက ဘယ်သူတွေများပါလိမ့်။

play

 

၂၀၁၅ ခုနှစ်က မကြာခင် ကုန်ဆုံးတော့မှာပါ။ ဒီနှစ်အတွင်း ထိပ်သီးပရော်ဖက်က်ရှင်နယ် ဘောလုံးလောကမှာ အကောင်းဆုံး ဖြစ်ခဲ့တဲ့ ဘောလုံးသမား တိုက်စစ်မှူး ဆယ်ဦးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ မက်ဆီ(ဘာစီလိုနာ)

play

 

မက်ဆီက အကာင်းဆုံး ဘောလုံးသမား ဖြစ်ခဲ့တယ်ဆိုတာ ငြင်းစရာ မရှိပါဘူး။ ဘာစီလိုနာကို ဖလားသုံးလုံးရအောင် ကူညီပေးခဲ့ပြီး ၄၈ ပွဲမှာ ၄၄ ဂိုးသွင်းထားသူပါ။

၂။ နေမာ(ဘာစီလိုနာ)

play

 

မက်ဆီနဲ့အတူ အတွဲညီခဲ့ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲနဲ့ ကိုပါဒယ်ရေးဗိုလ်လုပွဲမှာ ဂိုးသွင်းနိုင်ခဲ့သူပါ။

၃။ဆွာရက်ဇ်(ဘာစီလိုနာ)

play

 

ယမန်နှစ်ဘောလုံးရာသီ အစပိုင်းတုန်းက ပွဲပယ်ခံခဲ့ရပေမယ့် အသင်းမှာ ကစားခွင့်ရတာနဲ့ ဂိုးတွေ သွင်းခဲ့သူဖြစ်ပါတယ်။ မက်ဆီနဲ့နေမာကို ဘောလုံးဖန်တီးပေးမှုတွေလည်း အကြိမ်ကြိမ် လုပ်ခဲ့သူပါ။

၎။ ရော်နယ်ဒို (ရီးရဲလ်မက်ဒရစ်)

play

 

ရီးရဲလ်မက်ဒရစ်နဲ့ ၄၇ ပွဲမှာ ၄၅ ဂိုးသွင်းသူဖြစ်ခဲ့ပြီး ပေါ်တူဂီကိုလည်း ၂၀၁၆ ယူရိုခြေစစ်ပွဲ အောင်မြင်အောင် ဂိုးသွင်းပြီး ကူညီပေးခဲ့သူပါ။

၅။ လီဝမ်ဒေါစကီး(ဘိုင်ယန်မြူးနစ်)

play

 

ဒေါ့မွန်ကနေ ဘိုင်ယန်မြူးနစ်ကို ပြောင်းလာတဲ့  လီဝမ်ဒေါစကီးက ဥရောပမှာ ကြောက်စရာ အကောင်းဆုံး တိုက်စစ်မှူးပါ။ အခု နှစ်ထဲမှာ ဘိုင်ယန်မြူးနစ်အတွက် ဂိုး ၂၀ သွင်းထားပြီး ပိုလန်အတွက် ၈ ဂိုးတောင်သွင်းထားပါတယ်။

၆။ အဂူရို(မန်စီးတီး)

ဆာဂျီယို အဂူရိုဟာ မနှစ်က ပရီးမီးယားလိဂ်မှာ ဂိုးသွင်းအကောင်းဆုံး တိုက်စစ်မှူး ဖြစ်ခဲ့ပါတယ်။

၇။ သောမတ်စ်မူလာ(ဘိုင်ယန်မြူးနစ်)

ဘိုင်ယန်မြူးနစ်ကို မနှစ်က ဖလားရစေခဲ့တဲ့ထဲမှာ သောမတ်စ်မူလာရဲ့ ဂိုးတွေလည်း အဓိက နေရာက ပါဝင်ခဲ့ပါတယ်။

၈။ ဆန်းချက်ဇ် (အာဆင်နယ်)

ဆန်းချက်ဇ်ဟာ ၂၀၁၅ ခုနှစ်ထဲမှာ အာဆင်နယ်အသင်းအတွက်ရော ချီလီလက်ရွေးစင် အသင်းအတွက်ပါ အရေးပါတဲ့ ဂိုးတွေ သွင်းခဲ့သူပါ။

၉။ ဂါရက်ဘေးလ်(ရီးရဲလ်မက်ဒရစ်)

ရီးရဲလ်မက်ဒရစ်အသင်းအတွက်လည်း ဂိုးတွေအများကြီးသွင်းခဲ့သလို ဝေးလ်လက်ရွေးစင် အသင်းအတွက်လည်း ၇ ဂိုးသွင်းပြီး ယူရိုခြေစစ်ပွဲ အောင်စေခဲ့ပါတယ်။

၁၀။ အီဗရဟီမိုဗစ်ခ်ျ(ပီအက်စ်ဂျီ)

ဒီရာသီမှာ ပီအက်စ်ဂျီနဲ့ ၁၁ ပွဲကစားပြီး သွင်းဂိုး ၁၀ ဂိုးရှိသွားပါပြီ။

Source : ibtimes

Photos : streamgist.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ