Sports: မော်ရင်ဟိုနေရာမှာ အစားထိုးမယ့် နည်းပြများ

ုစံချိန်တင် ရှုံးပွဲတွေကြုံနေရပြီး တန်းဆင်းဇုံနား တဝဲလည်လည် ဖြစ်နေတာကြောင့်မော်ရင်ဟိုကို အသင်းပိုင်ရှင်က ထုတ်ပယ်ဖို့ ပြင်ဆင်ထားပြီးပါပြီ။

play

 

ရလဒ်တွေ ဆိုးရွားနေပြီး တန်းဆင်းဇုန်အထက်နားမှာ တစ်မှတ်အသာနဲ့  ရပ်တည်နေရတဲ့ အခြေအနေကြောင့် မော်ရင်ဟိုကို ထုတ်ပယ်ဖို့ အသင်းပိုင်ရှင် အေဗရာမိုဗစ်ခ်ျ အစီအစဉ် ဆွဲထားပြီးပြီလို့ ဒေးလီးတယ်လီဂရက် သတင်းစာက ဖော်ပြထားပါတယ်။

မော်ရင်ဟိုကို ချက်ချင်းတာ့ ထုတ်ပယ်ဦးမှာ မဟုတ်ပေမဲ့ လာမယ့် ဇန်နဝါရီ ဈေးကွက်အတွင်းမှာ ထုတ်ပယ်ဖို့ ပြင်ဆင်ထားတာလို့ ဆိုပါတယ်။ ချယ်လ်ဆီးက လိုချင်နေတဲ့ ပက်ဂွါဒီယိုလာကလည်း ဒီရာသီကုန်မှသာ အသင်းပြောင်းလို့ရမှာပါ။ ဒါ့အပြင် ချယ်လ်ဆီးရဲ့ ဦးစားပေး ပစ်မှတ်ဖြစ်တဲ့ အသလက်တီကိုနည်းပြ ဆီမြွန်နီနဲ့ ကွန်တီတို့ကလည်း လာမယ်ဆိုရင်တောင် ရာသီကုန်မှ ရောက်လာမှာပါ။

play

 

နောက်ထပ် ရေပန်းစား နည်းပြတစ်ဦးဖြစ်တဲ့ အန်ဆလော့တီကလည်း ရာသီဝက်မှာ အသင်းသစ်ကို ကိုင်တွယ်မှာ မဟုတ်ဘူးလို့ ဆိုထားပြန်ပါတယ်။ ဒါကြောင့် လက်ရှိချယ်လ်ဆီး ခေါ်ဖို့ အဆင်အပြေဆုံး နည်းပြက ဂုဟစ်ဒင့် ဖြစ်နေပါတယ်။ ဂုဟစ်ဒင့်က လည်း ချယ်လ်ဆီးကို ကိုင်တွယ်ပေးဖို့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။ ၂၀၀၉ တုန်းကလည်း ဂုဟစ်ဒင့်က ဒီလိုပဲ ရာသီဝက်မှာ ရောက်လာ ပြီး ချယ်လ်ဆီးကို အက်ဖ်အေ ဖလားယူပေးခဲ့တာပါ။ ဆောက်သမ်တန်နည်းပြ ရော်နယ်ကိုးလ်မန်း လည်း ဖြစ်နိုင်ချေ ရှိတဲ့စာရင်းထဲမှာ ပါနေပါတယ်။

play
အသင်းပိုင်ရှင်က ရာသီဝက်မှာ မော်ရင်ဟိုကို ထုတ်တော့မယ်လို့ ဆိုပါတယ်

 

အဖြစ်နိုင်ဆုံးကတော့ နည်းပြဂုဟစ်ဒင့်ကို ကာလတိုစာချုပ်နဲ့ ခေါ်ပြီး ရာသီအကုန်မှာ ဂွါဒီယိုလာ၊ အန်ဆလော့တီနဲ့ ဆီမြွန်နီ တစ်ဦးဦးကို ခေါ်သွားဖို့ ချယ်လ်ဆီးအသင်းပိုင်ရှင်က အစီအစဉ် ဆွဲထားပြီလို့ တယ်လီဂရက်ဖ်က ဖော်ပြထားပါတယ်။

 

Source & Photos  : dailytelegraph

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ